ရေးမြို့မှာ အလယ်တန်းကျောင်းတစ်ကျောင်းကို ချိန်ကိုက်မိုင်းနဲ့ထောင်ဖောက်ခွဲဖို့လုပ်သူ မိုင်းပေါက်ကွဲပြီး သေဆုံး

မွန်ပြည်နယ်၊ရေးမြို့၊ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက အမှတ်(၃)အခြေခံပညာအ လယ်တန်းကျောင်းကို နိုဝင် ဘာလ၂၈ရက် နေ့လယ် ၁၂နာရီခွဲက ချိန်ကိုက်မိုင်းနဲ့ထောင်ဖောက်ခွဲဖို့လုပ်ခဲ့တဲ့ ကျောင်းစောင့်အမျိုးသားဟာ သူထောင်တဲ့မိုင်းပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ မိုင်းကွဲပြီးသေဆုံးသွားသူအမျိုးသားဟာ CDMပြုလုပ်ထားတဲ့ ရေးမြို့ နယ်ဒုတိယပညာရေးမှူးရဲ့တပည့်ဖြစ်သူလို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် အမှတ်(၃)အခြေခံပညာအ လယ်တန်းကျောင်းက ၄ ခန်းတွဲ ၂ ထပ်စာသင်ဆောင် မီးလောင်ပျက်စီးခဲ့ပြီး မိုင်းထောင်သူ ကျောင်းစောင့်မှာလည်း ခန္ဓာ ကိုယ်ထက်ပိုင်းပြတ်ထွက်ဒဏ်ရာတွေနဲ့ အ ခင်းဖြစ်နေရာမှာသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *