မွန်ပြည်နယ်၊ရေးမြို့၊ရန်ကြီးအောင်ရပ်ကွက်၊ကမ်းနားလမ်း “ဖူး”လက်ဘရည်ဆိုင်မှာ အောက်တိုဘလ၁၈ရက် မနက်၇နာ ရီ၂၀မိနစ်က လက်ဘရည်ထိုင်သောက်နေတဲ့ ရေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်း(၅၂ နှစ်)ဟာ သေနတ်နဲ့ ပစ်သတ်တာကို ခံခဲ့ရတယ်လို့ ဒေ သခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘလ၁၈ရက်မနက်၇နာရီ၂၀မိနစ်က ရေးမြို့၊ရန်ကြီးအောင်ရပ်ကွက်၊ကမ်းနားလမ်း “ဖူး”လက်ဘရည်ဆိုင်မှာ ရေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်း(၅၂နှစ်)ဟာ တစ်ဦးတည်း လက်ဘရည်သောက်နေချိန်မှာ အမည်မသိအမျိုးသားတစ်ဦးဟာ Wave-125 ဖြူ/နက်ရောင်ဆိုင်ကယ်နဲ့ ရောက်ရှိလာခဲ့ပြီး အသင့်ပါလာတဲ့ ပစ္စတိုသေနတ်နဲ့ ဦးဇော်နိုင်လင်းကို ၃ ချက်ပစ်ခတ်ပြီး ရန်ကြီးအောင်ရပ်ကွက်၊ရေးမြို့ပြည်သူ့ဆေးရုံဘက်ကိုမောင်းနင်ထွက်ပြေးသွားခဲ့ပြီး ဦးဇော်နိုင်လင်းဟာ ရရှိခဲ့တဲ့ဒဏ်ရာများနဲ့ အခင်း ဖြစ်နေရာမှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ရေးမြို့နယ်၊ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်းကို မိမိတို့အဖွဲ့ကနေ သတ်ခဲ့တာလို့ ရေးဘီလူးကာကွယ်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။