ရော့ခ်စတား ရန်ဒီ ဘတ်ခ်မန်း  တစ်ယောက် အခိုးခံခဲ့ရတဲ့ သူ့ဂစ်တာကို ၄၆နှစ်အကြာမှာ ပြန်ရ

ဂျပန်ဂီတပညာရှင် တကဲရှိက ရန်ဒီ ဘတ်ခ်မန်းရဲ့ ၄၆နှစ်ကြာ ပျောက်ဆုံးနေတဲ့ ဂစ်တာကို အမှတ်တရ ပြန်ပြီးပေးအပ်နေပုံ

တိုကျို၊ ဇူလိုင် ၁

ကနေဒီရန်ရော့ခ်စတား ရန်ဒီ ဘတ်ခ်မန်း တစ်ယောက် လွန်ခဲ့တဲ့ ရာစုနှစ်တစ်ဝက် ၄၆နှစ်အချိန်တုန်းက သူဆီကနေ ခိုးယူသွားတာခံလိုက်ရတဲ့ သူလက်စွဲတော် ဂစ်တာကို ပြန်ရခဲ့ပြီလို့ ဆိုပါတယ်။

ခိုးယူခံလိုက်ရတဲ့ဂစ်တာက  Gretsch 6120 Chet Atkins guitar အမျိုးအစားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ရက် သောကြာနေ့က ဂျပန်နိုင်ငံ ကနေဒါသံရုံးမှာ ကျင်းပခဲ့တဲ့ ကနေဒါအထိမ်းအမှတ်နေ့ဂီတပွဲကို လာဖျော်ဖြေတဲ့ ဝါရင့်ရော့ခ်စတားကြီး ရန်ဒီ ဘတ်ခ်မန်း တစ်ယောက် လုံးဝ ထင်မှတ်မထားတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဖြစ်က ဖျော်‌ဖြေပွဲမှာပဲ ဂျပန်ဂီတပညာရှင် တကဲရှိ က ဘတ်ခ်မန်း ၄၆နှစ်ကြာပျောက်ဆုံးသွားတဲ့ ဂစ်တာကို ဘတ်ခ်မန်း လက်ထဲ အရောက် ပြန်ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ဂစ်တာဟာ လွန်ခဲတဲ့ ၄၆နှစ်က ရန်ဒီ ဘတ်ခ်မန်းနဲ့ အတူ သူ့ရဲ့ The Guess Who လို့ ခေါ်တဲ့ ရောခ်ဂီတအဖွဲ့ ကနေဒါနိုင်ငံမှာ ရှိနေတုန့်း တိုရန်တိုမြို့က ဟိုတယ်တစ်ခုမှာ အခိုးခံခဲ့ရတာပါ။

လူတိုင်းက အချစ်ဦးကို မေ့မရတတ်သလိုဘဲ သူ့ဂစ်တာပြန်ရသွားတဲ့ ဘတ်ခ်မန်းတစ်ယောက် အပျော်ကြီးပျော်ခဲ့ပါတယ်။ ဒီဂစ်တာပြန်ရဖို့လည်း ဝါသနာရှင်တစ်ယောက်က နှစ်ပေါင်းများစွာ ခြေရာခံလိုက်ခဲ့ရတာလို့ ဆိုပါတယ်။ အသက် ၇၈နှစ်ရှိနေပြီး ဖြစ်တဲ့ ရော့ခ်စတားကြီးက ဒီဂစ်တာပျောက်သွားတာ သူအတွက် အချိန်အကြာကြီး ခံစားခဲ့ရတယ်လို့လည်းပြောပါတယ်။

“ အဲ့ဒီဂစ်တာနဲ့ရေးခဲ့တဲ့ သီချင်းတွေ သန်းနဲ့ချီရောင်းရခဲ့တာ ဒီဂစ်တာက ကျနော့အတွက် မှော်ဆန်လွန်းတဲ့ ဂစ်တာပါ။ ဒီဂစ်တာလည်း  ရုတ်တရက် ပျောက်သွားရော ကျနော့်ရဲ့ ဂီတမှော်အစွမ်းတွေ ပျောက်ကုန်ရော” လို့ ဘတ်ခ်မန်းက ပြောပြပါတယ်။

ဒီဂစ်တာကို ရဖို့ သူက မနက်အစောကြီးထ မြက်ရိတ်တဲ့အလုပ်၊ကားရေဆးတဲ့အလုပ် ၊ ကလေးထိန်းအလုပ်စတာတွေလုပ်ပြီး ပိုက်ဆံစုခဲ့တယ်။ ပြီးတော့ ဒီဂစ်တာကို ဒေါ်လာ ၄၀၀တောင်ပေးဝယ်ခဲ့ရတယ်။ အဲ့ဒိအချိန်က ၁၉၆၀ ကာလဆိုတော့ အတော်ဈေးကြီးတယ်လို့ပြောလို့ရတယ်။

ဒီဂစ်တာကို မဝယ်နိုင်သေးခင်က သူ့ သူငယ်ချင်း  ကမ္ဘာကျော်အဆိုတော် ဖြစ်လာမယ့် နေးလ်ယန်းနဲ့အတူ အဲ့ဒိဂစ်တာရောင်းတဲ့ဆိုင် မှန်ပြူတင်းပေါက်ကနေ ခဏခဏသွားပြီး ချောင်းကြည့်ခဲ့ရတာ တစ်ခါတစ်ခါ နာရီနဲ့တောင်ချီပြီးကြာတယ်လို့ ပြန်ပြောပြတယ်။ ဒီဂစ်တာကို ရဖို့ ရန်ဒီ ဘတ်ခ်မန်းတစ်ယောက်အများကြီး ကြီုးစားခဲ့တယ်။

၁၉၇၆ခုနှစ်မှာတော့ သူတို့တီးဝိုင်းဖျော်ဖြေဖို့ တိုရန်တိုဟိုတယ်မှာ ရောက်နေတုန်း ခရီးဆောင်အိတ်တွေရယ်၊ ဂစ်တာရယ်ကို သူတို့အဖွဲ့အကူတစ်ယောက်ကို အပ်ထားခဲ့တယ်။ အဲ့ဒိအချိန်မှာပဲ ဂစ်တာက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတော့တယ်။

နောက်ဆုံး အခိုးခံရတဲ့ ဂစ်တာက ဂျပန်က ဂီတသမားတစ်ယောက်လက်ထဲကို ရောက်သွားပါတယ်။ အဲ့ဒိဂစ်တာကို ၂၀၁၄မှာ ယန် ၈၅၀၀၀၀( အမေရိကန်ဒေါ်လာ ၆၃၀၀)နဲ့ ဆိုင်တစ်ခုကနေ ဝယ်ခဲ့တာလို့ပြောပါတယ်။ ဂစ်တာဝယ်လိုက်တဲ့ တကဲရှိကလည်း ဘတ်ခ်မန်း ပျောက်သွားတဲ့ ဂစ်တာမှန်း သိသိခြင်း ကာယကံရှင်ကို အကြောင်းကြားလိုက်တယ်လို့လည်း ဆိုပါတယ်။

အခုတော့ သောကြာနေ့က ကျရောက်တဲ့ ကနေဒါနေ့(Canada Day) မှာတော့ မှတ်မှတ်ရရ သူတို့နှစ်ယောက် ပွေ့ဖက်ခဲ့ကြတယ်။ ကြည်နူးလွန်းတဲ့ အပြုံးတွေ ကိုယ်စီနဲ့‌ပေါ့။

Ref: AFP

photo credit: AFP

Leave a Reply

Your email address will not be published. Required fields are marked *