
Dream Theater ရော့ဂီတအဖွဲ့ကို အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ် ဘောစတွန်မြို့က Berklee College of Music ဂီတကျောင်းတက်နေကြတဲ့ လူငယ်သုံးဦးဖြစ်တဲ့ ဂျွန်ပက်ထရူချီ၊ ဂျွန်မြောင်နဲ့ မိုက် ပေါ့တနွိုက် တို့က ၁၉၈၅ခုနှစ်မှာ Majesty ဆိုတဲ့အမည်နဲ့ စတင်ဖွဲ့စည်းခဲကြတာပါ၊ ၁၉၈၈ ခုနှစ်အရောက် မှာတော့ သူတို ့တွေဟာ ဂီတကျောင်းက ထွက်လိုက်ကြပြီး Dream Theater ဆိုတဲ့ နာမည်အသစ်နဲ့ ရှေ့ဆက်ခဲ့ကြတာ ဒီနေ့ထိတိုင်ပဲ ဖြစ်ပါတယ်။

၂၀၁၀ မှာ မူလအဖွဲ့သားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒရမ်မာပေါ့တနွိုက် ထွက်သွားတာမို့ လူသစ် မိုက် မန်ဂျီနီ ကို အစားထိုးခဲ့ကြပါတယ်။ လက်ရှိ ပင်တိုင်အဆိုတော် ဂျိမ်းစ် လက်ဘရီ က ၁၉၉၁ ကနုတ်ထွက်သွားတဲ့ အရင်အဆိုတော် ချာလီ ဒိုမီနီချီ နေရာ မှာ အစားဝင်လာခဲ့တာဖြစ်ပြီး လက်ရှိ ကီးဘုတ်သမား ဂျော်ဒန် ရုဒက်စ်ကတေ ာ့ သူရှေ့က ကီးဘုတ်သမားတွေ ဖြစ်တဲ့ ဒတ်ခ် ရှရီနီရန် နဲ့ ကီဗန်မိုးတို့ နောက် ၁၉၉၉ခုနှစ်မှာ အဖွဲထဲ ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ Dream Theater ရဲ့ မူလလက်ဟောင်း နှစ်ယောက်ကတော့ ဂျွန် ပက်ထရူချီနဲ ့ ဂျွန်မြောင်တို့ပဲ ဖြစ်ပါတယ်။

ဒီနေ့အထိ စတူဒီယို အယ်လဘမ် ၁၅ခု ထုတ်ဝေပြီးခဲပြီဖြစ်ပြီး ပထမဆုံး အယ်လဘမ်ကတော့ ၁၉၈၉ က ထုတ်ခဲ့တဲ့ “When Dream and Day Unite” လို့ ခေါ်တဲ့ အယ်လဘမ်ပါ။ သူတို့ရဲ့ ရော့ဂီတကိုတော့ Progressive metal ဒါမှမဟုတ် Progressive rock လို့ ခေါ်ဆိုရမှာပါ။ အရမ်းကို ခမ်းနားပြီး လေးနက်ခက်ခဲတဲ့ ဂီတပုံစံတစ်ခုနဲ့ အတူ ဒီနေ့တိုင် ရော့ခ် ပရိတ်သတ်တွေကို ဖမ်းစားထားတဲ့ ရော့ခ်ကာကြီးတွေ ရှိနေတဲ့ Dream Theater ရဲ့ ရုပ်ပုံလွှာကို ဖော်ပြပေးလိုက်ပါတယ်။



Current members
John Petrucci – guitars (1985–present), backing vocals (1989, 1996–present)
John Myung – bass (1985–present)
James LaBrie – lead vocals (1991–present)
Jordan Rudess – keyboards (1999–present)
Mike Mangini – drums (2010–present)
Ref: HL,