ရော့ခ်ကာတို့ရဲ့ ရုပ်ပုံလွှာ(၁)

Kiss ဆိုတာ ရော့ခ်ဂီတရဲ့ ထာဝရ တည်မြဲခိုင်ခန် ့နေတဲ့ ရုပ်ပုံလွှာ တစ်ခုဆိုတာ ဘယ်သူကမှ ငြင်းချက်ထုတ်ကြမှာ မဟုတ်ပါ။ သူတို့အဖွဲ့ကို ဂျန်စင်မင်စ်၊ ပရယ်စတန်းနလီ၊ ပီတာ ခရက်စ် နှင့် အေ့စ်ဖရဲလီ  တို့နဲ့အတူ  နယူးယော့ခ်မြို့မှာ ၁၉၇၃ခုနှစ် ကတည်းကစတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။

အဖွဲ့ရဲ့ ပထမဆုံးစတူဒီယိုအယ်လဘမ်ကို ၁၉၇၄ခုနှစ်မှာထုတ်ဝေခဲ့ပြီးတဲ့နောက် တရှိန်ထိုးအောင်မြင် ကျော်ကြားလာခဲ့တာ ဒီနေ့ထိတိုင်ပါ။ စတူဒီယိုအယ်လဘမ်၂၄ခု ထွက်ရှိခဲ့ပြီး ဖြစ်ကာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ များစွာကိုလည်း ကျင်းပဖျော်ဖြေခဲ့ကြပါတယ်။ သူတို ့ရဲ့အကျော်ကြားဆုံးသီချင်းတွေကတော့ ‘Rock And Roll All Nite’, ‘I Was Made For Lovin’ You, ‘I Love It Loud’တို့ဖြစ်ပါတယ်။ ၁၉ရဝကာလတွေကစလို့ သူတို့ရဲ့ထူးခြားဆန်ပြားတဲ့ဖက်ရှင်တွေ၊ မိတ်ကပ်ချယ်သမှုတွေက ကမ္ဘာတစ်ခွင် ပြိုင်ဖက်ကင်းခဲ့ပါတယ်။

၂၀၂၁မှာ ပြုလုပ်မယ့် ကမ္ဘာလှည့်ပွဲတွေကိုတော့ ကိုဗစ် ၁၉ ကြောင့် ခေတ္တရပ်နားထားခဲ့ကြတာ ဒီနေ့အထိပဲဖြစ်ပါတယ်။ ဆယ်စုနှစ်ငါးခုကြာ မရပ်မနား အောင်အောင်မြင်ဖြတ်သန်းခဲ့တဲ့ Kiss အဖွဲ့ရဲ့ ကျော်ကြားလှတဲ့ အမိုက်စား ဒီဇိုင်းတွေကို ခံစားကြည့်နိုင်ဖို့ Photos Of The Rock Band အစီအစဉ်ကနေ ဖော်ပြပေးလိုက်ပါတယ်။

Ref: Hollywood Life

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *