၁၄ မေ၊၂၀၂၄
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ ဝိန်းကျောက်ဟိုတယ်လမ်းရှိ နေအိမ်ခြံဝန်းအတွင်းမှာ အနက်(၃၀)ပေခန့်ရှိ ရေတွင်းထဲကို ဒီကနေ့နေ့လယ်၂နာရီကျော်အချိန်က အမျိုးသားတစ်ဦး ပြုတ်ကျခဲ့တာကြောင့် မီးသတ်ဦးစီးဌာနက အသက်ရှင်ရက် ကယ််ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရေမော်တာပြင်ဖို့ ဆင်းရာကနေ အသက်ရှုကြပ်ပြီး ပြန်မတတ်နိုင်တာကြောင့် မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
ရေတွင်းထဲဆယ်မိနစ်ကျော်ကြာ ပြုတ်ကျနေရာကနေ တာချီလိတ်မြို့နယ်မီးသတ်စခန်းကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
Visited 8 times, 1 visit(s) today



