မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်မှာစက်တင်ဘာလ၁၁ရက်နေ့ ညနေပိုင်းက ဇီးပင်ကန်ချောင်းရေ ရုတ်တရက်တက်လာပြီး စာသင်ပြီး ပြန်လာတဲ့ ကျောင်းသား၂ဦး၊အသက်၅၀ကျော် အရွယ်ဆရာမ၊နဲ့အမျိုးသား၁ဦးတို့ ရေစီးနဲ့အတူ မျောပါခဲ့ပြီး ဆရာမသေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

“ရေစီးနဲ့မျောပါပြီး သေဆုံးသွားတာ Grade 9 သင်တဲ့ ဆရာမဒေါ်မြင့်မြင့်စန်းပါ။ဆရာမက စာသင်ပြီးပြန်လာတဲ့အချိန် အခုလို အဖြစ်ဆိုးမျိုးကို ကြုံတွေ့ခဲ့ရတာပါ´´ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေစီးနဲ့အတူ မျောပါသွားသူ၄ဦးအနက် ဆရာမ၁ဦးသာသေဆုံးခဲ့ရပြီးအမျိုးသားနဲ့ကျောင်းသား ၂ ဦးဟာ ချောင်းနံဘေးက ချုံနွယ်ပေါ်မှာ တင်ကျန်နေခဲ့ပြီူ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာလို့ သိရပါတယ်။