ရေစကြို-ပခုက္ကူသွားလမ်းမှာ အိမ်စီးကားတစ်စီးလက် နက်ငယ်များနဲ့ အပစ်ခံရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေ ကားကျေးရွာအနီး တိုးဂိတ် ရေစကြို-ပခုက္ကူသွားလမ်းပေါ်မှာ နိုဝင်ဘာ၆ရက်နေ့ မွန်းလွဲ၂နာရီကျော်က အိမ်စီးကားတစ်စီးဟာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ လက်နက်ငယ်များနဲ့အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ နိုဝင်ဘာ၆ရက်နေ့ မွန်းလွဲ၂နာရီကျော်က ရေစကြိုမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး တိုးဂိတ် ရေစကြို-ပခုက္ကူသွားလမ်းပေါ်မှာ ရေစကြိုဘက်ကနေ ပခုက္ကူဘက်ကို ယာဥ်မောင်းဖြစ်သူ ကိုဇော်ဝမ်းထူး (၃၀ )နှစ် မောင်းနှင်ပြီး ဦးကျော်ကျော် (၅၁)နှစ် လိုက်ပါစီးနင်းလာတဲ့ AD Vanအမျိုးအစား အဖြူရောင်အိမ်စီးကားကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ လက်နက်ငယ်များနဲ့ ပစ် ခတ်ခဲ့တာကြောင့် ဦးကျော်ကျော်နဲ့ကိုဇော်ဝမ်းထူးတို့ဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ်များပေါ်မှာ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ၃၁ရက်နေ့ကလည်း ရေစကြို-ပခုက္ကူသွားလမ်း၊ကံသစ်ရွာနဲ့ကျီးကန်းကျေးရွာကြားမှာ ဆောက် လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ကားကို လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ကပစ်ခတ်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာသူ ၅ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခူ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Photo- PAN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *