ရေစကြို-ပခုက္ကူကားလမ်းမှာ ဆောက် လုပ်ရေးကုမ္ပဏီတစ်ခုမှ ပိုင်ရှင် အ ပါအဝင်(၅)ဦး သေနတ်နဲ့ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ရေစကြို-ပခုက္ကူကားလမ်းမှာ သြဂုတ်လ ၃၁ရက်နေ့ညနေ၅နာရီခွဲက ရေစကြိုကနေ ပခုက္ကူမြို့ကိုပြန်လာတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ပိုင်ရှင်အပါအဝင်(၅) ဦးစီးနင်းလာတဲ့မော်တော်ယာဉ်ကို လက် နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ် သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

သေနတ်နဲ့ပစ်ခံရသူများအနက် ဆောက် လုပ်ရေးကုမ္ပဏီပိုင်ရှင်ဒေါ်….မှာ နောက်စေ့ဖောက်ဝင်ဒဏ်ရာ၊ ဝဲလက် မောင်း/ ယာပေါင်/ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ၊အင်ဂျင်နီယာမ…မှာမျက်နှာဝဲဘက်ပွင့်ထွက်ဒဏ်ရာ၊ အသက်(၂၅)နှစ်အရွယ်အမျိုးသားတစ် ဦးမှာ ယာရင်ဘတ် ကျည်ဖောက်ဝင် (၂)ချက်၊ဝဲလည်ပင်း ဖောက်ဝင် ဒဏ် ရာ (၂)ချက်၊ နောက်ကျော ဖောက်ထွက် ဒဏ်ရာ (၂)ချက်၊ အသက် (၂၇)နှစ် အ ရွယအမျိုးသားတစ်ဦးမှာ ယာပါး/ ဝဲ လည်ပင်း/ ယာလက်မောင်းဖောက်ဝင် ဒဏ်ရာ၊ အသက် (၃၅)နှစ်အမျိုးသား တစ်ဦးမှာ ယာနားထင် ပွင့်ထွက်၊ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ စတဲ့ ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ဆောက်လုပ်ရေးကုမ္ပဏီဟာ ရေစကြိုမြို့နယ်၊ပညာရေး ဌာနက ဆောက်လုပ်ရေးကန်ထရိုက် ရရှိ ထားပြီး ရေစကြိုမြို့၊အမှတ် (၄)ရပ်ကွက်က အမက (လက်ပံကိုင်း) ကျောင်းဆောက် လုပ်ပြီးစီးမှုကို လာရောက်ကြည့်ရှုပြီး ပခုက္ကူပြန်လာတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *