ရုရှား-ယူကရိန်း စစ်ပွဲ ရှည်ကြာလာခြင်းက ကမ္ဘ့ာစွမ်းအင်တည်ငြိမ်မှုကို စတင်ရိုက်ခတ်

ဘန်ကောက်၊ ဇွန် ၂၃

၂၀၂၂ ဖေဖေါ်ဝါရီမှာ စခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ပွဲကာလက  ဒီနေ့အချိန် ၂၀၂၂ ဒုတိယ သုံးလပတ်အထိ ရှည်ကြာလာတာနဲ့အမျှ ကမ္ဘာ့စွမ်းအင်ဈေးကွက်ရဲ့ တည်ငြိမ်မှုကို စတင်ခြိမ်းခြောက်နေပြီလို့ ဆိုပါတယ်။ အဓိက ပြဿနာက ကမ္ဘာ့ရေနံစိမ်းဈေးနူန်း မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ 

ရေနံစိမ်းဈေးနူန်းက ၂၀၂၂ ပထမသုံးလပတ်မှာ ရေနံစိမ်းတစ်စည်ကို  အမေရိကန်ဒေါ်လာ၁၃ဒဿမ၈၆ သာရှိနေရာက  ဒီနေ့အချိန်မှာတော့ တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော် အထိဈေးနူန်းတွေ အဆမတန် မြင့်တက်နေပြီ ဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်း တို့က ကမ္ဘာ့ရေနံဈေးကွက်ကို တင်ပိုမှု အများဆုံးလုပ်နေတဲ့ နိုင်ငံတွေ ဖြစ်တာနဲ့အညီ စစ်ပွဲကြောင့် ထုတ်လုပ်တင်ပို့တဲ့ လုပ်ငန်းတွေ ပြတ်တောက်သွားပြီး စွမ်းအင်အကျပ်အတည်းတွေ ဖြစ်ပေါ်လာတာက ကမ္ဘာ့ရေနံဈေးကို အဆများစွာ မြင်တက်စေတဲ့ အဓိက အကြောင်းရင်းလို့ဆိုပါတယ်။

ယူကရိန်းကို မကျူးကျော်ခင်အထိ ရုရှားဟာ အမေရိကန်ပြီးရင် ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်အတွင်း ရုရှားတို့က ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့ရည် စည်ပေါင်း ၁၀၈သန်းအထိထုတ်လုပ်ခဲ့ပြီး၊ ရေနံစိမ်းနဲ့ ကုန်ချောတင်ပို့မှုကတစ်နေ့ကို ၆ဒဿမ ၅သန်းအထိရှိခဲ့ပါတယ်။ အခြားအကြောင်းရင်း အနေနဲ့  အမေရိကန်အပါအဝင် သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားဆီကနေ ရေနံတင်သွင်းတာကို ရပ်တန့်ထားတာကလည်း ဈေးနူန်းမြင့်တက်စေပြန်ပါတယ်။

၂၀၂၂ ဧပြီလမှာတော့ အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့ ပူးပေါင်းပြီး လာမယ့် အောက်တိုဘာလ အထိ ရေနံစည်ပေါင်း ၂၀၈သန်းအထိပူးတွဲ ထုတ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးကွက်ကို ကျဆင်းစေနိုင်တဲ့ အခြားအကြောင်းရင်းတွေ ရှိနေပေမယ့် ဥရောပသမဂ္ဂ က ရုရှားကနေ ရေနံတင်သွင်းမှုကို ခြောက်လရပ်တန့်ထားဖို့ ဇွန်လ၂ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့ လိုက်တာကလည်း ဈေးကွက်ထဲက ရေနံဈေးတွေကို မြင့်တက်စေပြန်ပါတယ်။

ဆိုခဲ့သလို ပိတ်ဆို့ အရေးယူမှုတွေကြောင့် ရုရှားရဲ့ လျော့ကျသွားတဲ့ ရေနံစည်ထုတ်လုပ်မှုက  တစ်နေ့ကို  ရေနံစည်ပေါင်း ၂ဒဿမ၅သန်းအထိရှိနေခဲ့ပါတယ်။ ဆိုးကျိုးရလဒ်အနေနဲ့က ယခုလ ဇွန်လ ၈ ရက်နေ့ အရောက်မှာတော့ ရေနံစိမ်းတစ်စည်ကို  အမေရိကန်ဒေါ်လာ ၁၂၃ ဒဿမ ၅၈ အထိ မြင့်တက်သွားပြီ လို့ သိရကြောင်းပါ။

ယူကရိန်းနိုင်ငံ ကိယက်ဖ်မြို့ အပျက်အစီးတွေ ကြားက ပြည်သူများ

သတင်းရင်းမြစ်။  နိုင်ငံတကာ စျေးကွက် ဆန်းစစ်ရေးအဖွဲ့၊

International Trading Business Unit၊ PTT အများပိုင်ကုမ္ပဏီလီမိတက်

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *