ရုရှား-ယူကရိန်းစစ်ပွဲ ရပ်လိုက်ဖို့ မရှိဘူးလို့  ရုရှားသမ္မတ ပူတင်ကပြော

ကရန်မလင်၊ ဒီဇင်ဘာ ၁၅

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ  ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်မှသာ ဖြစ်နိုင်ဖို့ ရှိတယ်လို့ ဒီဇင်ဘာ ၁၄ရက်နေ့ ညက ပြောဆိုလိုက်ပါတယ်။ ဒါဟာ စစ်ဆက်တိုက်မယ်လို ပြောတာပဲ ဖြစ်ပါ တယ်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ  ယူကရိန်းကို  လုံးလုံးလျားလျားကျူးကျော်ဝင်ရောက်လိုက်ချိန်က စပြီး ခုချိန်ထိ စစ်ရပ်ဖို့ အရပ်အယောင် လုံးဝ မြင်ရတာမျိုး မရှိသေးပါဘူး။

ရုရှားကတော့ ရှေ့တန်းစစ်မျက်နှာတွေမှာ သူတို့ဘက်က အခြေနေ ကောင်းနေတယ်လို့ ပြောပါတယ်။

အဓိက ရုပ်သံလိုင်း အများစုကနေ လေးနာရီကျော်ကြာ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်မှာ သမ္မတ ပူတင်က ရုရှားနိုင်ငံသားတွေကို  “အချုပ်အခြာအာဏာ မရှိဘဲ ငါတို့နိုင်ငံ တည်ရှိမှုဟာ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

လက်ရှိကာလအတွင်း  ယူကရိန်းကို  တိုက်ခိုက်နေတဲ့ ရုရှား တပ်ဖွဲ့ဝင် စုစုပေါင်း ၆၁၇,၀၀၀ ရှိကြောင်း ကိုလည်း သမ္မတ ပူတင်က ပြောပါတယ်။ အရင်နှစ်က စစ်မှုထမ်းဖို့  ဆင့်ခေါ်ခံရသူ ၃၀၀,၀၀၀ ကျော်အထိရှိခဲ့ပြီး အခြား ၄၈၆,၀၀၀ ကတော့ စစ်သားအဖြစ် ဆန္ဒအလျောက် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

စစ်ပွဲစတင်ချိန်ကစပြီး ရုရှားစစ်သား ၃၁၅,၀၀၀ လောက်  သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့အကြောင်း အမေရိကန် ထောက်လှမ်း ရေး အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

Ref: BBC

ပုံစာ။ ရုရှားသမ္မတ ပူတင်

Feature Image Credit: ALJAZEERA

Visited 28 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *