ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ နြူကလီးယားလက်နက် တွေမသုံးဖို့ တရုတ် အလေးအနက် တိုက်တွန်း

ပေကျင်း၊ ဖေဖေါ်ဝါရီ ၂၄

 ရုရှားအနေနဲ့ အခု တိုက်ခိုက်နေတဲ့ ယူကရိန်းစစ်ပွဲမှာ နြူလက်နက်တွေ လုံးဝမသုံးဖို့ အပါအဝင် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေပွဲတွေ အမြန်ပြန်စဖို့ တရုတ်အစိုးရက အလေးထား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

ဘေဂျင်း- ရုရှားနဲ့ ယူကရိန်းတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တတ်နိုင်သမျှ အမြန်ဆုံတွေ့ပြီး ကျင်းပလိုတယ်လို့ တရုတ်နိုင်ငံက သောကြာနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) မှာ တောင်းဆိုလိုက်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခမှာလည်း နျူကလီးယား လက်နက်ကိုလုံးဝ အသုံးမပြုဖို့ကိုလည်း ထပ်လောင်းပြီး  အခိုင်အမာတိုက်တွန်းပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ  ယူကရိန်းကို ရုရှားကျူးကျော်တာ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒီနေ့ ဖေဖေါ်ဝါရီ ၂၄ရက် နေ့နဲ့တိုက်ပြီး ရုရှား-ယူကရိန်း နှစ်နှိင်ငံကြား နိုင်ငံရေးအရ ပြေလည်မှုဆိုင်ရာ စာတမ်း ၁၂ စောင်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ တူညီတဲ့ ဦးတည်ချက်တွနဲ့ လုပ်ဖို့ နှစ်ဖက်လုံးက မျက်နှာချင်းဆိုင်တွေ့ပြီး တိုက်ရိုက်တွေ့ဆုံ ဆွေး နွေး မှုတွေကို တတ်နိုင်သမျှ မြန်မြန်ပြန်စသင့်တယ်”လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ ထုတ်ပြန်တဲ့  စာတမ်း မှာ ဖေါ်ပြထားတယ်လို့ သိရပါတယ်။

မကြာသေးခင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ စစ်ပွဲမှာ နျူကလီးယားလက်နက် အသုံးပြုမယ်လို့  ခြိမ်းခြောက်ခဲ့ဖူးတဲ့ ကိစ္စကလည်းရှိနေပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ကတော့ ရုရှားတို့ အနေနဲ့ နျူကလီးယားလက်နက်တွေကို အသုံးမပြုရုံသာမက သူတို့ရဲ့ နြူလက် နက်တွေကို တပ်ဖြန့်ပြီး ခြိမ်းခြောက်တာမျိုးကိုလည်း ဆန့်ကျင်ကြောင်း ရှင်းလင်းပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လာဗရော့ နဲ့ တရုတ်ဗဟိုနိုင်ငံခြားရေးကော်မရှင်ရုံးညွှန်ကြားရေးမှူး တမ်ယိ ၂၀၂၃၊ ဖေဖော်ဝါရီ ၂၂ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာတွေ့ဆုံစဉ်
Photo Credit: Alexander Nemenov/ Reuters

Ref: CNA

Leave a Reply

Your email address will not be published. Required fields are marked *