အစိုးရနဲ့အစိုးရစစ်တပ်ကို လက်နက် ကိုင်ပုန်ကန်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံ ရတဲ့ ရုရှားအခြေစိုက် ဝပ်ဂနာ ကြေးစား တပ်ဟာ စစ်သည်တွေ ပုံမှန်ဆက်လက် စုဆောင်းနေဆဲဖြစ်တယ်။
ကလီနင်ဂရက်ကနေ ကရာစနိုဒါအထိ ဖွင့် ထားတဲ့ ဝပ်ဂနာကြေးစားတပ်ရဲ့ရုံးခွဲတွေက တပ်ထဲဝင်ချင်တဲ့လူတွေကို ရုံးချိန်အ တွင်း မှာ စစ်သည်သစ်တွေလက်ခံစုဆောင်းနေပါတယ်။
အထူးသဖြင့် လက်ဝှေ့နဲ့သိုင်းပညာ သင် တန်းကျောင်းတွေ၊ ကလပ်အသင်းရုံး တွေမှာ ဝပ်ဂနာကလွှတ်ထားတဲ့ ကိုယ် စားလှယ်တွေရှိကြတယ်။ သူတို့က တစ် ဆင့် ဆက်သွယ်ပြီးတပ်ထဲဝင်လို့ရတယ်။ တာဝန်ရှိသူတွေက စစ်ဆေးမေမြန်းတာ အရည်အချင်းမီတယ်ဆိုရင် စစ်သင် တန်းတက် ၆လစာချုပ်ချုပ်ပြီး ဝပ်ဂနာစစ်သည်အဖြစ်တာဝန်ထမ်းဆောင်နိုင်တယ်။
ရမယ့်လစာကတော့ မြန်မာငွေသိန်း၅၀ ကျော်နဲ့ညီမျှတဲ့ ရူဘယ် ၂၄၀၀၀၀ လို့ သိရတယ်။
Ref: BBC