ရုရှားအခြေစိုက်ဝပ်ဂနာကြေးစားတပ်နဲ့ တပ်မှူးပရီဂိုဇင်ကို နေတိုးစစ်အုပ်စုက အနီးကပ်စောင့်ကြည့်နေတယ်လို့ နေတိုး အတွင်းရေးမှူးချုပ်ဂျင်းစ်စတိုလ်တင်ဘာ့ဂ်က ဇူလိုင်၆ရက်မှာထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
ဘယ်လိုပုံစံမျိုးနဲ့ အဲဒီလို အနီးကပ်စောင့် ကြည့်နေတယ်ဆိုပြီး အတိအကျပြောတာ မျိုးမဟုတ်တဲ့အတွက် ခြေလှမ်းမမှားဖို့ သတိပေးတဲ့သဘောမျိုးဖြစ်လိမ့်မယ်လို့ ယူဆကြတယ်။
ပရီဂိုဇင်ရုရှားပြန်ရောက်သွားပြီလို့ ဘယ် လာရုစ်သမတအလက်ဇန်းဒါးလူကာရှင်ကို အတည်ပြုပြီးတာနဲ့တစ်ပြိုင်နက် နေတိုးအ တွင်းရေးမှူးချုပ်ဖက်က အသံထွက်လာ တာဖြစ်တယ်။
ပရီဂိုဇင် စိန့်ပီတာစဘတ်မြို့ကို ရောက်နေပါပြီ။ ဘယ်လာရုစ်မှာ မရှိတော့ပါဘူး။ ဒီနေ့မနက် သူဘယ်များရောက်နေမလဲ။ မော်စကို သွားရင်လည်း သွားပေရော့မယ်လို့ လူကရှင်ကိုက ပြောကြားခဲ့ပါတယ်။ ဝပ်ဂနာ ကြေးစားစစ်သည်တွေ သူတို့စခန်းကို ပြန် ရောက်နေကြပြီလို့လည်း ပြောပြန်ပါ သေးတယ်။
အယ်လ်ဂျာဇီးရာသတင်းဌာနက နေတိုးအတွင်းရေးမှူးချုပ်ကို တွေ့ဆုံမေးမြန်းတော့ကျွန်တော်တို့ နေတိုးစစ်အုပ်စုအနေနဲ့ ဝပ်ဂနာကြေးစားစစ်သည်တွေ ဘယ်ကို ဦးတည်သွားနေကြတယ်။ ပရီဂိုဇင် ဘယ် ခြေလှမ်းလှမ်းနေတယ်ဆိုတာ သိရဖို့ အနီးကပ်စောင့်ကြည့်နေတယ်လို့ ဖြေကြားခဲ့ တယ်။ဘယ်လာရုစ်ကို ထွက်သွားခဲ့ကြတဲ့ ဝပ်ဂနာကြေးစားစစ်သည်က သိပ်မများဘူး ဆိုတာ နေတိုးဖက်က သိထားတယ်လို့လည်း သူကပြောတယ်။ သမ္မတဗလာဒီမာပူတင် သမ္မတ လူကာရှင်ကိုနဲ့ ပရီဂိုဇင် တို့ အကြားမှာ ချန်ထားတဲ့အကွက်တွေရှိနေလို့ နေတိုးက မျက်ခြည်မပြတ်အောင် စောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်။
Ref; Ajazeera