ရုရှားသမ္မတပူတင်ကို နိုင်ငံတကာရာဇဝတ်တရားရုံးICC က စစ်ရာဇ၀တ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်

စစ်ဘေးရှောင် ယူကရိန်းမိသားစု တစ်စု
PhotoCredit: VICE news

သဟိတ်ဂ်၊ မတ် ၁၇

ယူကရိန်းကလေးငယ်တွေကို ရုရှားနိုင်ငံထဲ အတင်းအကျပ် ပို့ဆောင်ခဲ့တဲ့ ကိစ္စအတွက် တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ  အရာရှိ မာရီယာ လာဗိုဗာ တို့နှစ်ယောက်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က မတ်လ၁၇ ရက်သောကြာနေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ကရင်မလင် ကတော့ ICC ရဲ့  လုပ်ရပ်ကို ”လက်ခံနိုင်ဖွယ်မရှိ” ဆိုပြီး ဒေါသတကြီးနဲ့ တုန့်ပြန်ပါတယ်။

ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာကာရိုဗာ က ရုရှားနိုင်ငံဟာ ICC ရဲ့ အရေးယူပိုင်ခွင်ရှိတဲ့ နိုင်ငံထဲမှာ မပါဘူး လို့ ဆိုပါတယ်။ ဒါ့အပြင် ICCအနေနဲ့ ဒီလို ဖမ်းဆီးဖို့ ကိုယ်ပိုင်ရဲ့တပ်ဖွဲလည်း ရှိမထားဘူးလို့ လည်းပြောပါတယ်။

စွပ်စွဲခံထားရတဲ့ ရာဇ၀တ်မှုတွေမှာ  တိုက်ရိုက်ကျူးလွန်ခဲ့သူတွေနဲ့ အလားတူ မစ္စတာပူတင် လည်း  ဒီရာဇဝတ် မှုတွေ မှာ တာဝန်ရှိပြီး ယုံကြည်နိုင်လောက်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ ခိုင်မာတဲ့ အချက်အလက်တွေ ရှိကြောင်းကို  တရားရုံးက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကစ ယူကရိန်းကို ရုရှားစကျူးကျော်ပြီးချိန် အတွင်း အခုလို နိုင်ငံတကာတရားရုံးမှာ ရုရှားကို တရားစွဲတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇလန်စကီးက  “သမိုင်းဝင်” ဆုံးဖြတ်ချက်အတွက် ICC ကို  ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သလို ရုရှားနိုင်ငံကို ယူကရိန်း ကလေးသူငယ်တွေ  အတင်းအကျပ် ပြန်ပို့တဲ့ လုပ်ရပ်မှာကရင်မလင်ကတိုက်ရိုက်ပါဝင်ပတ် သက်နေတယ် လို့ သူ့ရဲ့ ညစဉ် မိန့်ခွန်းမှာ  ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *