ဘေကျင်း၊ မေ ၁၆
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်နေတဲ့ ရုရှားရဲ့ စီးပွားရေးအထီးကျန်မှုတွေကို ကုစားဖို့အတွက် တရုတ်နိုင်ငံဆီက အကူအညီတွေ ပိုရဖို့ မျှော်လင့်ချက်နဲ့ ဒီနေ့ မေလ ၁၆ ကြာသပတေးနေ့မှာ တရုတ်သမ္မတ ရှိနဲ့ ဘေကျင်းမှာ တွေ့ဆုံနေကြပြီ ဖြစ်ပါတယ်။
ရုရှားမှာမတ်လ ရွေးကောက်ပွဲအပြီး သမ္မတ ထပ်ဖြစ်လာတဲ့ ရုရှားသမ္မတပူတင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ပြီး ခြောက်လကျော်ကာလမှာ တရုတ်နိုင်ငံကို ဒုတိယအကြိမ်မြောက် လာတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။
ရုရှားအပေါ် အနောက်နိုင်ငံတွေက ယူကရိန်းကို ကျူးကျော်တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မကြုံစဖူး ပိတ်ဆို့အရေးယူမှုတွေ လုပ်ပြီးတဲ့နောက် ရုရှားအတွက် စီးပွားရေးအသက်သွေးကြောတွေ ပိတ်စို့ကုန်တဲ့ အခြေနေကို ဆိုက်နေတာလည်း ဖြစ်ပါတယ်။
ဘေကျင်းမြို့လယ်က ပြည်သူ့ခန်းမအပြင်ဘက်မှာ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားနဲ့ သမ္မတပူတင်ကို ရှီက ကြိုဆိုခဲ့တဲ့ သတင်းကို နိုင်ငံပိုင်ရုပ်သံလိုင်း CCTV ကနေ ထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ သမ္မတပူတင်နဲ့ ရှီတို့ မေ၁၆ (ကြာသပတေး) ဘေကျင်းမှာ တွေ့ဆုံနေကြပုံ
Feature Image Credit: Reuters/Kremlin.ru/Handout)



