ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုပြင်းထန် ကိယက်ဗ်မြို့တစ်ဝန်းပေါက်ကွဲသံများကြားရ

မေ၁၆ရက်မနက် အရုဏ်မတက်ခင် ယူက ရိန်းနိုင်ငံအနှံ့အပြားမှာ လေကြောင်းရန် ကာကွယ်ရေးဥဩသံတွေပေါ်ထွက်လာ

ကြတယ်။ လူအများစုအိပ်ကောင်းနေချိန်မှာ အဲ့ဒီ ဥဩသံတွေပေါ်ထွက်လာတာဖြစ်လို့ လန့်နိုးတဲ့သူက ရှောင်ဖို့ပုန်းဖို့ပြင်တယ်။

အိပ်ပျော်နေသူတွေကို နှိုးသူတွေကလည်း နှိုးကြပါသတဲ့။ ရုရှားဖက်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်တာကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ လေကြောင်းရန်ထောက်လှမ်းတဲ့စနစ်တွေက သိလို့ ဥဩဆွဲပြီးသတိပေးတာ ဖြစ် ပါတယ်။

မိနစ်အနည်းငယ်အတွင်းမှာတော့ ရုရှား ဖက်က ပစ်လိုက်တဲ့ဒုံးလက်နက်တွေဟာ ကိယက်ဗ်မြို့ပစ်မှတ်ကိုထိမှန်ပါတော့ တယ်။

မိုးမလင်းခင် ကိယက်ဗ်မြို့ ဆိုလိုမြန်စကီး ဆင်ခြေဖုံးရပ်ကွက်မှာ ပေါက်ကွဲသံ ၁၀ သံထက်မနည်း မြည်ဟီးသွားခဲ့တယ်။

ယူကရိန်းဖက်မှာရှိတဲ့ လေကြောင်းရန် ခုခံရေးစနစ်တွေက ရုရှားဒုံးလက်နက်တွေ ကိုပစ်ချတယ်။

ရုရှားဖက်က ခါမီချဇေဒရုန်းတွေလည်း ပါ လာတယ်လို့ ယူကရိန်းစစ်ဖက်ဆိုင်ရာ ပြောခွင့်ရသူကဆိုတယ်။

ဒုံးနဲ့ဒရုန်းတချို့ ရှက်ဗ်ချင်ကစ်ဗ်စကီး ရပ်ကွက်ထဲက တရိစ္ဆာန်ရုံထဲ ပျက်ကျ သွားကြတယ်လို့ အဲဒီပြောခွင့်ရသူက ဆက်လက်ပြောပြတယ်။

ရပ်ထားတဲ့ကားတွေပေါ်ပျက်ကျတာတွေ လည်း ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောကြတယ်။

ပေါက်ကွဲသံတွေကြားရပြီးတဲ့နောက်မှာ ကိယက်ဗ်မြို့တော်ဝန်ဗေတာလီကလစ်ချ်ကိုက တယ်လီဂရမ်ချန်နယ်ကနေ မြို့သူမြို့ သားတွေ အိမ်ပြင်မထွက်ဘဲ ဗုံးဒဏ်လုံခြုံ တဲ့နေရာမှာ နေကြဖို့ သတိပေးပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇေလင်စကီး ဉရောပခရီးစဉ်လှည့်လည်ပြီး ရောမ၊ ဘာ လင်၊ ပဲရစ်၊ လန်ဒန်မြို့တွေကနေ ဌာနေပြန် ရောက်လာတဲ့အချိန်နဲ့ ကိုက်ပြီး ရုရှားဖက် က လေကြောင်းတိုက်ခိုက်ခိုက်မှု ပြုလုပ် တာဖြစ်မယ်လို့ ယူဆကြပါတယ်။

အသေ အပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကို ယူကရိန်းဖက်က သတင်းမထုတ်ပြန် သေးဘူးလို့ သိရတယ်။

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *