ရုရှားမှာ အာဏာသိမ်းဖို့ကြံစည်အားထုတ် ခဲ့တာလို့ စွပ်စွဲခံရတဲ့ ပရီဂိုဇင် ဘယ်လာရုစ် နိုင်ငံမှာ ခိုလှုံနေထိုင်ဖို့ကားနဲ့ထွက်ခွါသွား ပြီ

ရုရှားမှာအာဏာသိမ်းဖို့ကြံစည်အားထုတ်ခဲ့တာလို့စွပ်စွဲခံရတဲ့ အသက် ၆၂နှစ် အရွယ် ယက်ဗ်ဂေနီပရီဂိုဇင်ဟာ ဇွန်၂၅ ရက် နံနက်မှာ ဘယ်လာရုစ်နိုင်ငံမှာ ခိုလှုံနေထိုင်ဖို့ ရုရှားတောင်ပိုင်း ရော့စတို ဗွန်ဒွန်မြို့ကနေ ကားနဲ့ထွက်ခွါသွားပါပြီ။

သူ့ကိုထောက်ခံအားပေးတဲ့ မြို့သူမြို့သားတွေက

လက်ခုတ်ဩဘာပေးပြီး နှုတ်ဆက်တော့ ပရီဂိုဇင်ကလည်း ကားပေါ်ကနေ လက်ပြပြီး နှုတ်ဆက်တယ်။ ဝပ်ဂနာကြေးစားစ် သည်တွေကတော့ မျက်နှာဖုံးစွပ်ကိုယ်စီနဲ့ ကျန်နေရစ်တယ်။

ဇွန်၂၃မှာ ယူကရိန်းမှာတပ်စွဲထားတဲ့ ဝပ်ဂနာကြေးစားစစ်သည်တွေရဲ့စစ်စခန်းအသီးသီးကို ကာကွယ်ရေးဝန်ကြီး ဆာဂေးရှို အီဂူနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗေလရီဂေရာ ဆီမော့ဗ်တို့က လက်နက်ကြီးတွေ ဒုံးလက်နက်တွေနဲ့တိုက်ခိုက်စေခဲ့တာ ကြေးစား စစ်သည်၂၀၀၀လောက်က ျဆုံးခဲ့ရတယ်လို့ ပရီဂိုဇင်က စွပ်စွဲတယ်။

ဒါ ဝပ်ဂနာကို အပြုတ်တိုက်တာ။ မခံနိုင် ဘူးလို့လည်း စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်။ ပြီးတော့ သူ့ ကြေးစားစစ်သည်တွေကို စုစည်း ပြီး ချက်ခြင်းပဲ ရုရှားဖက် ချီတက်လာခဲ့ တယ်။

ဇွန် ၂၄ရက် နံနက်မှာ ရုရှားတောင်ပိုင်းက ရော့စတိုဗွန်ဒွန်မြို့က ရုရှားစစ်ဌာနချုပ်၊ စစ်လေယာဉ်ကွင်းနဲ့ စစ်စခန်းတွေကို ထိန်း ချုပ်လိုက်ပြီလို့ ပရီဂိုဇင်က တယ်လီဂရမ် မှာ ဗွီဒီယိုဖိုင်လွှင့်တင်တယ်။ ဆာဂေး ရှိုအီဂူနဲ့ ဗိုလ်ချုပ်ဗေလရီဂေရာဆီမော့ဗ် ရော့စတိုဗွန်ဒွန်မြို့ကိုလာပြီး သူနဲ့တွေ့ရမယ်။ မျက်နှာချင်းဆိုင်တွေ့ပြီး ရှင်းကြမယ်လို့ ပရီဂိုဇင်က ပြောလိုက်တယ်။

သူစွပ်စွဲပြောဆိုတာမမှန်ကန်ဘူးလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တုန့်ပြန်ကြေ ညာတယ်။ ဝပ်ဂနာကြေးစားစစ်သည် အင် အား ၂၅၀၀၀ ရှိတယ်။ နောက် ၂၅၀၀၀ ထပ်စုဆောင်းပြီး သူတို့နှစ်ယောက် မလာ ဘူးဆိုရင် နှစ်ယောက်စလုံးကို ဖယ်ရှား ပစ်ဖို့ မော်စကိုမြို့တော်ကိုတက်သိမ်းမယ်လို့ ပရီဂိုဇင်က အသံဖိုင်လွှင့်တင်လိုက်ပြန် တယ်။

သမ္မတဗလာဒီမာပူတင်က ရုပ်မြင်သံကြား ကတစ်ဆင့်မိန့်ခွန်းပြောပြီး ပရီဂိုဇင် လက် နက်ကိုင်ပုန်ကန်တာကို ဘယ်နည်းနဲ့မဆို တားဆီးမယ်လို့ ကြေညာလိုက်တယ်။ ကြေး စားစစ်သည်တွေ ပရီဂိုဇင်ရဲ့အမိန့်ကို မနာ ခံဖို့လည်း မှာကြားတယ်။ ယူကရိန်း အထူး စစ်ဆင်ရေး ဒုတိယကွပ်ကဲရေးအရာရှိ ဗိုလ်ချုပ်ဆာဂေးဆူရိုဗီကင်က ဝပ်ဂနာ စစ် သည်တွေကိုယ့်စစ်စခန်းကိုယ်ပြန်ကြဖို့ အမိန့်ပေးတယ်။

ဒါဟာ ဝပ်ဂနာကြေးစားတပ်ခေါင်းဆောင် အာဏာသိမ်းဖို့ ကြံစည်အားထုတ်တာ ဖြစ် တယ်လို့ ရုရှားစစ်ဗိုလ်ချုပ်တွေက သတင်း လွှင့်ကြတယ်။ နောက်တော့ အသက် ၆၂ နှစ်အရွယ် ပရီဂိုဇင်ကို ရုရှားအစိုးရကလက်နက်ကိုင်ပုန်ကန်မှု နိုင်ငံတော်ပုန် ကန်မှုနဲ့တရားစွဲလိုက်တယ်။

ပရီဂိုဇင်ကအရေးလုပ်ပြီးမတုန့်ပြန်တဲ့အပြင် သူ့ကြေးစားစစ်သည်တွေမော်စကိုဖက်ကို စတင်ချီတက်နေကြပြီ။ မော်စကိုမှာ အစိုးရ တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ထားတယ်။ အခြေအ နေမကောင်းဘူး။ သမ္မတဗလာဒီမာပူတင် မော်စကိုမှာမရှိတော့ဘူး။ ပြေးပြီ ဆိုတဲ့ ကောလာဟလတွေဆက်တိုက်ထွက်ပေါ်လာတယ်။ ၄၈နာရီပဲအချိန်ရတယ်။ ပရီဂိုဇင်ကို သမ္မတဗလာဒီမာပူတင် မဟန့်တားနိုင် ဘူးဆိုရင် ပွဲသိမ်းပြီ။ အာဏာသိမ်းတာအောင်မြင်လိမ့်မယ်လို့ အမေရိကန် သတင်း မီဒီယာတွေမှာ ရေးသားထုတ် လွှင့်ကြ တယ်။

လမ်းတဝက်ကျော်လာတဲ့ ကြေးစားစစ် သည်ယာဉ်တန်းကို ရုရှားစစ်ရဟတ် ယာဉ်တွေက ပစ်ခတ်ပြီး တားခဲ့ရတယ်။ နောက်တော့ ဘယ်လာရုစ်သမ္မတက ပရီကိုဇင်ကိုဆက်သွယ်ပြီးညှိလိုက်တာ အဆင်ပြေသွားလို့ ဇွန် ၂၄ရက်ညပိုင်းမှာ ပွဲပြီးသွားတယ်။ သူ ဘယ်လာရုစ်မှာခိုလှုံဖို့ သဘောတူလိုက်တဲ့အတွက် ထောင်နှစ်၂၀ လောက်ကျခံရဖွယ်ရှိတဲ့ လက်နက်ကိုင် ပုန်ကန်မှု နိုင်ငံတော်ပုန်ကန်မှု စွဲဆိုချက် တွေကလွတ်ငြိမ်းခွင့်ရလိမ့်မယ်။

မော်စကိုရောက်အောင်ချီတက်တာ ရပ် တန့်ဖို့ ရုရှားနိုင်ငံနဲ့ နိုင်ငံသားများ အပေါ် သစ္စာစောင့်သိဖို့ အစိုးရအမိန့်ကို နာခံဖို့ ဘယ်လာရုစ်မသွားခင် သူ့တပ်ကကြေးစား စစ်သည်တွေကို ပရီဂိုဇင်က မှာကြားခဲ့တယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *