ရုရှားရေတပ်ကဖရီးဂိတ်စစ် သငေ်္ဘာ (၂)စင်းဟာ ဇွန် ၂၇ရက်က ထိုင်ဝမ်ကျွန်းအရှေ့ကမ်းရိုးတန်းဖက်ကို ချဉ်းကပ်လာခဲ့တယ်။ အဲဒီသငေ်္ဘာ (၂)စင်းရောက်လာတဲ့အချိန်က ည ၁၁နာ ရီလောက်ရှိနေပါပြီ။
ထိုင်ဝမ်ဖက်က စစ်လေယာဉ်နဲ့ သငေ်္ဘာတွေလွှတ်ပြီး အခြေအနေကို အကဲခတ်ခိုင်းတယ်။ ရုရှားသငေ်္ဘာ(၂)စင်းဟာ ထိုင်ဝမ်ဖက်ကစစ်လေယာဉ် နဲ့သငေ်္ဘာတွေကို သတိပြုမိပြီးတဲ့နောက် တောင်ကနေမြောက်ကို ပုံမှန်အတိုင်း ဖြတ်သန်းခုတ်မောင်းသွားကြတယ်လို့ ထိုင်ဝမ်ရေတပ်ပြောခွင့်ရသူက ရှင်း လင်းပြောပြပါတယ်။
ပစိဖိတ်အခြေစိုက် ရုရှားသငေ်္ဘာ အုပ် စုထဲက မိမိတို့ရဲ့ စစ်သငေ်္ဘာ(၂)စင်း တောင်တရုတ်ပင်လယ်ဖက်ကနေ ပုံမှန်ဖြတ်သန်းခုတ်မောင်းခဲ့တာဖြစ်တယ်လို့ ရုရှားအခြေစိုက် အင်တာဖက်စ် သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါ တယ်။
တရုတ်စစ်သငေ်္ဘာတွေ ထိုင်ဝမ်းကျွန်း ဖက်ရောက်လာတတ်တာပုံမှန်လို့ ပြော လို့ရပေမယ့် အဲဒီရုရှားစစ်သငေ်္ဘာ (၂)စင်းရောက်လာတာကတော့ ထူးခြားတယ်လို့ တောင်တရုတ်ပင်လယ်အရေး လေ့လာသူတွေက သုံးသပ်တယ်။
Ref: Aljazeera