ကိ့ဗ်၊နိုဝင်ဘာ ၆
ယူကရိန်းသမ္မတ ဇလန်းစကီး ကရုရှားနဲ့ စစ်ပွဲမှာ အပြန်အလှန် တင်းမာမှုတွေ ခါးခါးသီး ဆက်ဖြစ်နေသလို မိမိတို့ ယူက ရိန်း ဘက်မှာလည်း စစ်ရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲတာတွေ တွေ့လာနေရတယ်လို့ ပြောလိုက်ပါတယ်။
ဇလန်းစကီးရဲ့ ရုံးလက်ထောက်အကြီးအကဲ အိုင်ဂေါ် ဇိုကာ က ရုရှားနဲ့ စစ်ပွဲအတွက် အနောက်နိုင်ငံတွေ ထောက်ခံမှုဟာ ပဋိပက္ခကို နက်ရှိုင်းစေတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခအတွက် ယူကရိန်းစစ်ဦးစီးချုပ်ရဲ့ အကဲဖြတ်ချက် တွေကို လည်း ဝေဖန်တာတွေ ရှိလာနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ရက် ဗုဒ္ဓဟူးနေမှာ ယူကရိန်း စစ်ဘက်အကြီးအကဲ ဗလယ်ရီဇလွန်နီက The Economist နဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့ဟာ ရှေ့မတိုးနောက်မဆုတ်သာ အဆင့်သို့ ရောက်ရှိနေသလို စစ်ပွဲကလည်း လှပတဲ့ အောင်မြင်မှုမျိုး ရှိလာမှာမဟုတ်ဘူး” လို ဖြေဆိုခဲ့ကြောင်းလည်း သိရပါတယ်။
လက်ရှိမှာလည်းယူကရိန်းနိုင်ငံသားတွေဟာ ရုရှားနဲ့ ကာလရှည်ကြာစစ်ပွဲထဲမှာ ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင် နေကြရပါတယ်။
ကိဖ်ရဲ့ နှေးကွေးတဲ့တန်ပြန်ထိုးစစ်ကြောင့်ရယ် တစ်ဘက်မှာအရှေ့အလယ်ပိုင်းဒေသအကြမ်းဖက်မှု ဖြစ်လာနေတာကလည်း ယူကရိန်းအတွက် အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာရေးနဲ့ စစ်ရေးအကူအညီတွေ တန့်သွားမှာကို စိုးရိမ်နေရမှုတွေက ယူကရိန်း အတွက် ပိုပြီး ဖိအားတွေ သက်ရောက်လာနေပါတယ်။
ဇလန်းစကီး ကိုယ်တိုင်ကလည်း နိုဝင်ဘာ၄ရက် စနေနေ့က EU ကော်မရှင်ဥက္ကဋ္ဌ အာစူလာ ဗွန် ဒဲလေယန် နဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ၁၈လာကြာလာတဲ့ စစ်ပွဲမှာ ပြည်သူတွေအားလုံးစစ်ပမ်းနေကြပြီလို့ ဝန်ခံ ပြောဆိုလိုက်တယ် လို့လည်း သိရပါတယ်။
“လူတွေက ပင်ပန်းတယ်။ လူတိုင်းက ပင်ပန်းပါတယ်။ ဒါဟာ ရှေ့မတိုးနောက်မဆုတ်သာဖြစ်ပါတယ်။ ဒါကို ထပ်ပြီး အလေးထားပါတယ်” သမ္မတ ဇလန်းစကီးက ပြောဆိုလိုက်ကြောင်း သိရပါတယ်။
Ref:CNN
ပုံစာ။ ယူကရိန်းရှေ့တန်းစစ်မျက်နှာ တစ်နေရာ
Feature Image Credit: Roman Chop/Global Images Ukraine/Getty Images