ရုရှားနိုင်ငံမော်စကိုမြို့တော် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

မေ၂၉မှာ ယူကရိန်းက ဒရုန်းတွေ ရုရှားနိုင်ငံထဲအထိဝင်လာပြီး မော်စကို မြို့တော်ကိုတိုက်ခိုက်ခဲ့ကြပါတယ်။

ဒရုန်းရှစ်စင်းလောက် မော်စကိုမြို့တော် အရှေ့တောင်ဖက်ဆင်ခြေဖုံးရပ်ကွက် တွေကို တိုက်ခိုက်ရာမှာ အဆောက် အဦအချို့ အနည်းငယ် ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီး ဌာနကသတင်းထုတ်ပြန်ပါတယ်။

ဒါ ပထမဆုံးအနေနဲ့ ယူကရိန်းဖက်က မော်စကိုအထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်ဖက်ဆိုင်ရာပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စွပ်စွဲပြောဆို တယ်။

ကိယက်ဗ်မှာရှိတဲ့ ယူကရိန်း စစ်ထောက်လှမ်းရေးဌာနချုပ်ရုံးကို ရုရှားဒရုန်းယာဉ်တွေရဲ့တိုက်ခိုက်ခြင်းခံခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း ဗလာဒီမာပူတင်က ပြောပါတယ်။ ဒါပေမယ့် အဲဒီစွပ်စွဲချက်ကို ယူကရိန်းဖက်ကငြင်းဆိုပါတယ်။

မိမိတို့ဖက်က ပစ်ချလိုက်တဲ့ ဒရုန်းတွေ မော်စကိုအနောက်ဖက်ပိုင်းကို ပျက်ကျ ခဲ့တယ်။ ဒဏ်ရာပြင်းထန်စွာရတဲ့လူ မရှိဘူးလို့ မော်စကို မြို့တော်ဝန် ဆာဂေး ဆိုဗြာနင်က အတည်ပြုတယ်။

Ref :BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *