ရုရှားနယ်စပ်တိုက်ခိုက်ခံရမှု အမေရိကန်ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆို

ယူကရိန်းနိုင်ငံ ဘဲလ်ဂိုရော့နယ်နဲ့ထိစပ်နေတဲ့ရုရှားနယ်စပ်ဒေသတစ်နေရာမှာ မေ ၂၃ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးခဲ့တယ်။

အမြောက်တွေ မော်တာတွေနဲ့ပစ်ခတ်နေတုန်းမှာ နယ်စပ်က ကျေးရွာ ၉ရွာက ရွာသူရွာသားတွေ စစ်ဘေးလွတ်ရာ ပြောင်းရွှေ့ကြရင်း လူ၁၃ဦးဒဏ်ရာရ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ရုရှားဖက်က အတည်ပြုတယ်။

ယူကရိန်းဖက်ကနေ ရုရှားနယ်နိမိတ်ထဲကို ပစ်ခတ်တိုက်ခိုက်တာ ယူကရိန်းစစ်ရေးပဋိပက္ခမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်လို့ ရုရှားဖက်က အရှက်ရစရာဖြစ်ခဲ့တယ်။

ဒါပေမယ့် အဲဒီပစ်ခတ်တိုက်ခိုက်မှုကို ယူကရိန်းစစ်တပ်က ပြုလုပ်ခဲ့တာမဟုတ်ဘဲ ရုရှားအစိုးရကိုဆန့်ကျင်တဲ့ ရုရှားနယ်မြေလွတ်မြောက်ရေးလက်နက်ကိုင်အုပ်စုနဲ့ ရုရှားအပျော်တမ်းလက်နက်ကိုင်တပ်ဖွဲ့အမည်ခံ စစ်သွေးကြွတွေက ပြုလုပ်ခဲ့တာလို့ ဝန်ခံတယ်။

တိုက်ပွဲမှာတွေ့ရတဲ့ အပျက်အစီးတွေထဲမှာ အမေရိကန်စစ်တပ်သုံး ဟမ်းဘီးကားတချို့ပါရှိနေပေမယ့် မိမိတို့နဲ့မသက်ဆိုင်ဘူးလို့ အမေရိကန်ဖက်က ချက်ခြင်းငြင်းဆိုလိုက်ပါတယ်။

ရုရှားစစ်တပ်က လေကြောင်းကနေ အင်အားသုံးတုန့်ပြန်တိုက်ခိုက်လို့ စစ်သွေးကြွ ၇၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တယ်။

Ref: Aljazeera

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *