ရုရှားတို့ကိုတိုက်ထုတ်မယ့် ယူကရိန်း တန်ပြန်ထိုးစစ် စတင်ပြီလို့ သမ္မတဗိုလိုဒီ မြာဇေလင်စကီးထုတ်ဖော်ပြောကြား

များစွာစောင့်ဆိုင်းခဲ့ရတဲ့ မိမိတို့ရဲ့ တန်ပြန်ထိုးစစ် စတင်နေပြီဖြစ်တဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇေလင်စကီး က ဇွန်၁၀ရက်မှာ အစိုးရရုပ်မြင်သံကြားဌာန ကတစ်ဆင့် ထုတ်ဖော်ပြောကြားတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ အခုဆိုရင် အရှေ့ ဖက်ကို စစ်မျက်နှာဖွင့်ပြီး မေလနှောင်း ပိုင်းမှာ ရုရှားဖက်က သိမ်းသလိုလို ယူကရိန်းဖက်ကပဲ သိမ်းသလိုလို သတင်း ထွက်ခဲ့တဲ့ ဘတ်ခ်မွတ်အနီးအထိ ရောက် နေကြပြီ။ တောင်ဖက်ပိုင်းမှာဆိုရင်လည်း ဥရောပရဲ့အကြီးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံတဝိုက်အထိ ရောက်နေကြပြီလို့ သူကပြောတယ်။ စစ်ဖက်ဆိုင်ရာ စစ်ဆင် ရေးဆိုင်ရာ အသေးစိတ်အချက်အလက်ကိုတော့ချန်လှပ်ခဲ့တယ်။ ရှောင်တခင်အလည်အပတ်ဝင်ရောက်လာတဲ့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူးနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ သမ္မတဇေလင် စကီးက အဲဒီ တန်ပြန်ထိုးစစ်ကိစ္စ ပြော ကြားလိုက်တာဖြစ်တယ်။ ယူကရိန်းနိုင်ငံကို နေတိုးစစ်အုပ်စုထဲ ဝင် နိုင်ဖို့ ကနေဒါဖက်က အားပေးထောက်ခံသွား မယ်။ အခြေအနေအမြန်ဆုံးပေါ်ပေါက် လာစေဖို့ရာလည်း ကူညီမယ်လို့ ဝန်ကြီးချုပ်ဂျပ်စတင်ထရူဒူးက ထုတ်ဖော် ပြောကြားတယ်။

သူ ရှောင်တခင်လာတယ်ဆိုပေမယ့် ကနေဒါအစိုးရဖက်က ချမှတ်ထားတဲ့ ဆုံး ဖြတ်ချက်အကြီးကြီးကိုလည်း အတည်ပြု ကြေညာပေးခဲ့တယ်။ ယူကရိန်းနိုင်ငံအတွက် နောက်ထပ် စစ်ရေးထောက်ပံ့ငွေ ကနေဒီယန်ဒေါ်လာ သန်း ၅၀၀ ပေးမယ့် အစီ အစဉ်ကိုကြေညာခဲ့တာဖြစ်တယ်။ ယူကရိန်းဖက်က တန်ပြန်ထိုးစစ် စတင် နေပြီလို့ မကြေညာခင်ညပိုင်းမှာ ရုရှားက တောင်ပိုင်း အိုဒက်ဆာမြို့ကို ပစ်ခတ် တိုက်ခိုက်တာ လူသုံးဦးသေဆုံးပြီး ဒါဇင် နဲ့ချီပြီး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသဆိုင်ရာ စစ်ဖက်ပြောခွင့်ရသူကပြောကြားတယ်။

Ref :CNN

Leave a Reply

Your email address will not be published. Required fields are marked *