ရုရှားတပ်တွေကိုတန်ပြန်ထိုးစစ်ဆင်ရာမှာ သုံးဖို့အတွက် ယူကရိန်းကို အမေရိ ကန်က အတွဲလိုက်ဗုံးတွေပို့ပေးတော့မယ်

လက်နက်ခဲယမ်းမီးကျောက်ပမာဏ နည်းလာတဲ့အတွက် ထပ်ရောင်းပေးဖို့ အမေရိကန်အစိုးရကို ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇေလင်စကီးက တောင်းဆိုနေတာ လအနညးငယ်တောင် ကြာနေပါပြီ။ အမေရိ ကန်ဖက်က အခြေအနေကို ချိန်ဆခဲ့ရာက နေ လက်နက်ရောင်းပေးမယ့် အစီအစဉ် နှောင့်နှေးခဲ့ရတယ်။

ရုရှားတပ်တွေကိုတန်ပြန်ထိုးစစ်ဆင်ရာမှာ သုံးဖို့အတွက် ယူကရိန်းကို အမေရိ ကန်က အတွဲလိုက်ဗုံးတွေ ပို့ပေးတော့ မယ် လို့ ဇူလိုင်၇ရက်က သတင်းထွက်ပေါ် လာပါတယ်။

အခုရောင်းမယ်ဆိုပြန်တော့ အတွဲလိုက်ဗုံး ဖြစ်နေပြန်တယ်။ အဲဒီဗုံးဟာ ကမ္ဘာ့ နိုင်ငံ ပေါင်း(၁၀၀)ကျော်က ပိတ်ပင်ထားတဲ့ လူသတ်လက်နက်အမျိုးအစားဖြစ်တယ်။ ဗုံးဆံအကြီးကြီးထဲမှာ ဗုံးပေါက်စလေးတွေ

ထည့်ထားတယ်။ အဲဒီဗုံးဆံကြီးကျတဲ့အခါ အခွံကွဲထွက်သွားပြီး အထဲကထွက်လာတဲ့ ဗုံးပေါက်စလေးတွေ ပြန့်ကြဲထွက်လာပြီး ကွဲလိမ့်မယ်။ ဗုံးလေးတွေအကုန်မကွဲဘဲ ကျန်နေရင် အရပ်သားတွေမတော်တဆ ထိတွေ့ ကိုင်တွယ် လွတ်ကျမိရာကနေ ပေါက်ကွဲပြီး သေစေလိမ့်မယ်။ဒါမှမ ဟုတ် ဒဏ်ရာရစေလိမ့်မယ်။အဲဒါကြောင့် တားမြစ်ပိတ်ပင်ထားကြတာလို့ဆိုတယ်။

အဲဒီဗုံးတွေယူကရိန်းကို ရောင်းပေးဖို့အ တွက် ကျွန်တော့်အနေနဲ့ မဟာမိတ်တွေနဲ့ ကွန်ဂရက်လွှတ်တော်ထဲက မိတ်ဆွေ တွေနဲ့ အများကြီး ဆွေးနွေးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ယူကရိန်းမှာ လက်နက်ခဲယမ်းမီးကျောက်အရမ်းလို နေပြီလို့ ကြားသိရတော့ စိတ်ကိုပိုင်းဖြတ် လိုက်ရတော့တာပေါ့လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ကရှင်းပြတယ်။

သူပြောတဲ့အတိုင်းပဲ အမေရိကန် အမျိုး သားလုံခြုံရေးအကြံပေးဂျိတ်ခ်ဆူလီဗန်ကလည်း ဇူလိုင်၇ရက်မှာကျင်းပတဲ့ အ ပတ်စဉ် အိမ်ဖြူတော် တွေ့ဆုံရှင်းလင်း ပွဲမှာထုတ်ဖော်ရှင်းလင်းပြောပြတယ်။

အမေရိကန်က ယူကရိန်းကိုရောင်းပေး မယ့် အတွဲလိုက်ဗုံးအလုံးရေ သိန်းနဲ့ ချီပြီး ရှိလိမ့်မယ်လို့ ပင်တဂွန်စစ်ဌာန ချုပ် ပြောခွင့်ရသူ ကိုလင်ကားလ်က ဆက် လက်အတည်ပြုထားတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *