ရုရှားစစ်တပ်အတွက် လက်နက်ထုတ်လုပ်မှု လျော့ကျနေရတဲ့အကြောင်းရင်းမှာ ကျွမ်းကျင် ဝန်ထမ်း ၂၀၀၀၀ခန့် လျော့နည်းသွားတာကြောင့်လို့ဆို

ရုရှားနဲ့ ယူကရိန်း စစ်ရေးပဋိပက္ခမှာ လများစွာကြာမြင့်တဲ့အခါ အခုနောက်ပိုင်း ရုရှားစစ်တပ်မှာ သုံးတဲ့လက်နက်တွေ ယာဉ်တွေ နည်းနည်းလာပါတယ်။

စစ်လက်နက်ထုတ်လုပ်မှုလျော့ကျသွားလို့ လက်နက်အင်အား ဒီထက်ပိုနည်းလာမှာလည်း စိုးရိမ်နေရတယ်လို့ ဆိုတယ်။

ဒါကြောင့် ရုရှားဟာ အီရန်ကနေ ခါမီခါဇေဒရုန်းတွေမှာယူတင်သွင်းတယ်။ တောင်အာဖရိကနဲ့ တူရကီက လက်နက်တွေ ဝယ်တယ်။ တရုတ်နဲ့ မြောက်ကိုရီးယားက ဒုံးလက်နက်တွေလည်းတင်သွင်းတယ်လို့ အမေရိကန်ဖက်က စွပ်စွဲတယ်။ သက်တိုင်ရာနိုင်ငံတွေကတော့ အဲဒီစွပ်စွဲချက်မမှန်ဘူးလို့ ငြင်းကြတယ်။

ပြည်တွင်းစစ်လက်နက်ထုတ်လုပ်တဲ့ကုမဏီတွေကိုရုရှားအစိုးရက လက်နက်တွေတိုးမြှင့်ထုတ်လုပ်ဖို့ ဖိအားပေးနေပေမယ့် လက်နက်ထုတ်လုပ်မှုလျော့ကျနေဆဲဖြစ်ပါတယ်။

ဘာလို့ အခုထိလက်နက်ထုတ်လုပ်မှုလျော့ကျနေရသလဲဆိုရင် လက်နက်ထုတ်လုပ်ရေးကုမဏီတွေ စက်ရုံတွေမှာ ကျွမ်းကျင်ဝန်ထမ်း ၂၀၀၀၀ခန့် အထိလျောနည်းသွားရလို့ဖြစ်ကြောင်း ရုရှား အလုပ်သမားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလထုတ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။

တကယ်ဆိုရင် ၂၀၂၃ခုနှစ်ထဲမှာ စစ်လက်နက်ထုတ်လုပ်ရေးကျွမ်းကျင်လုပ်သားပေါင်း ၅၀၀၀၀ လောက်ဆုံးရှုံးရလိမ့်မယ်လို့ ထင်ထားတာ ၂၀၀၀၀ လောက်ပဲလျော့သွားတာ တော်သေးတယ်လို့ ဘဏ္ဏာရေးတကသိုလ် ဒုတိယပါမောက္ခချုပ် အလက်ဇန်းဒါးဆာဖိုနော့ဗ်က ပြောတယ်။

ယူကရိန်းဖက်ကို လက်နက်ထောက်ပံ့ပေးနေတဲ့ အမေရိကန်နဲ့ ဥရောပဖက်က လက်နက် ကုမ္ပဏီတွေမှာလည်း လက်နက်ထုတ်လုပ်မှုလျော့နည်းနေတဲ့ ပြဿနာအလားတူကြုံတွေ့နေတယ်လို့ သိရတယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *