မော်စကို၊ ဧပြီ ၂၈
ရုရှားဂျာနယ်လစ်နှစ်ယောက်ကို ရုရှားအာဏာပိုင်တွေက “အစွန်းရောက်ဝါဒ” စွဲချက်နဲ့ ဧပြီ ၂၈ရက်နေ့က ထိန်းသိမ်းခဲ့ပါတယ်။ အထိန်းသိမ်းခံရသူ နှစ်ယောက်ဟာ ကွယ်လွန်သူ ရုရှားအတိုက်အခံ နိုင်ငံရေးသမား အယ်လက်ဇီ နာဗယ်လ်နီ တည်ထောင်ထားတဲ့ အဖွဲ့အတွက် အလုပ်လုပ်နေတယ်ဆို့တဲ့ စွဲချက်လည်း ပါတယ်လို့ သိရပါတယ်။
ကွန်စတန်စတင် ဂါဇော့ နဲ့ ဆာဂျီ ကယ်ရလင် တို့ နှစ်ယောက်က ကြည့်ရှုမှုသန်းပေါင်းများစွာရထားတဲ့ ကရင်မလင်က အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးတဲ့ ဗီဒီယိုတွေကို ထုတ်ဝေတဲ့ နာဗယ်လ်နီ ရဲ့ ထင်ရှားတဲ့ ယူကျူ့ ချန်နယ် “NavalnyLIVE” အတွက် ပို့စ်အကြောင်းအရာတွေကို ရေးသာခဲ့ကြသူတွေလို့ စွပ်စွဲ ခံထားကြရတာလည်း ဖြစ်ပါတယ်။
ရုရှားအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အာတိတ်အကျဉ်းထောင်မှာ သေဆုံးသွားတဲ့ နာဗယ်လ်နီကို ရဲ့ အပေါင်းအပါ အစွန်းရောက်တွေလို့ စွပ်စွဲတာလည်း ခံထားရပါတယ်။
ဂါဇော့ဟာ ယူကျူ့ ချန်နယ်အတွက် “ဓာတ်ပုံနဲ့ ဗီဒီယိုပစ္စည်းတွေ” မှာ ပါဝင်ပတ်သက်နေတယ်လို့ မော်စကိုက ခရိုင်တရားရုံး သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ လောလောဆယ် ဂါဇော့ကို ပြီးခဲ့တဲ့ စနေနေ့မှာ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၇ ရက်အထိ ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။
ဂါဇော့ဟာ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မော်စကိုကနေ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာချိန်ကစလို့ ရုရှားမှာ လည်ပတ်နေတဲ့ ရိုက်တာသတင်းအေဂျင်စီရဲ့ ပရိုဂျူစာ အဖြစ်လုပ်ကိုင်နေသူလည်း ဖြစ်တယ်လို့ တရားရုံးက ပြောပါတယ်။
သတင်းထောက် ဆာဂျီ ကယ်ရလင် ကိုတော့ ရုရှားနိုင်ငံမှာပဲ ဧပြီလ ၂၇ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ကိုလည်း အစွန်းရောက်အဖွဲအစည်းတစ်ခုမှာ ပါဝင်မှု့နဲ စွဲချက်တင်ထားပါတယ်။ သူဟာအေပီသတင်းဌာန၊ ဂျာမန် ရုပ်သံ DW တို့မှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
Ref: CNN
ပုံစာ။ ဆာဂျီ ကယ်ရလင် (ဝဲ) ကွန်စတန်တင် ဂါဇော့(ယာ)
Feature Image Credit: Moscow Court Handout, AP



