
(Photo: AFP/PETRAS MALUKAS)
ကလိုင်ပီဒါ( လစ်သူရေးနီးယား)၊ စက်တင်ဘာ၅
ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ထိုးစစ်ဆင်ပြီးနောက်ပိုင်း နေတိုးရဲ့ အရှေ့ဘက်ခြမ်းဒေသတွေမှာ ဂျာမနီရဲ့ တည်ရှိနေမှုကို ပိုမို အားကောင်းစေရမယ်လို့ ကတိပြုခဲ့ပြီးတဲ့နောက် ဂျာမန်စစ်သား တစ်ရာနီးပါး လစ်သူယေးနီးယားကို တနင်္ဂ နွေနေ့ ( ၂၀၂၂၊စက်တင်ဘာ ၄ ရက်)က ရောက်ရှိလာတယ်လို့ သိရပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ လစ်သူရေးနီးယား ကလိုင်ပီဒါဆိပ်ကမ်းကနေ တစ်ဆင့် ရေကြောင်းကနေ ဆိုက်ရောက်လာတာပဲ ဖြစ်ပါတယ်။
ရောက်လာတဲ့ ဂျာမန်တပ်တွေဟာ တပ်မဟာအသစ်တစ်ခုရဲ့ ကွပ်ကဲမှုယူနစ်အဖြစ် ဖွဲ့စည်းဖို့ ဖြစ်ပြီး များသောအားဖြင့် စစ်သား ၄၀၀၀ ခန့်နဲ့ ဖွဲ့ စည်းလေ့ရှိတဲ့ တပ်ဖွဲလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး လစ်သူရေးနီးယား ကို အခြေပြုတပ်စွဲလာတဲ့ တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဖြစ်တဲ့ တပ်မဟာမှူး ခရစ်စတီယန် နော်ရတ် က “အရှေ့ဘက်ခြမ်းက ဒီမှာရှိနေတဲ့ မဟာမိတ်တွေကို ပါးချင်တဲ့ ကျနော်တို့ရဲ့ သတင်းစကားက အဲဒိဒေသရဲ့လုံခြုံရေးကို အာမခံဖို့ ကတိကဝတ်ပြုထားတာ ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဘောလ်တစ်နိုင်ငံတွေရဲ့ ကွပ်ကဲမှုယူနစ်တွေဟာ ထာဝရတည်ရှိနေမှာဖြစ်ပြီး တိုက်ခိုက်ရေး ယူနစ်တွေကလည်း ပူပေါင်းလေ့ကျင်မှု့တွေ လုပ်မှာလို့ ဆိုပါတယ်။
ပထမဆုံး စစ်ရေးလေ့ကျင့်မှုကတော့ လာမယ့် ၂၀၂၂ အောက်တိုဘာမှာ ဖြစ်နိုင်ချေရှိတယ်လို့ ဂျာမန်စစ်တပ်ရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း လစ်သူယေးနီးယားမှာ ဂျာမန်စစ်သား ၁,၅၀၀ ခန့်ရှိနေပြီလည်း ဖြစ်ပါတယ်။
အရင် ဆိုဗီယက်အုပ်ချုပ်ခဲ့တဲ့ ဘောလ်တစ်နိုင်ငံတွေ ဖြစ်တဲ့ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့ကလည်း ဥရောပသမဂ္ဂအဖွဲ့နဲ့ နေတိုးအဖွဲ့ဝင်တွေ ဖြစ်နေကြသလို ရုရှားက ယူကရိန်းကို အောင်နိုင်သွားခဲ့မယ် ဆိုရင် အဲ့ဒိနိုင်ငံတွေက သူတို့လည်း ယူကရိန်းလို ထပ်ဖြစ်လာနိုင်တဲ့ အရေးကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
ပဋိပက္ခစတင်ချိန်က စပြီး ဘောလ်တစ်နိုင်ငံတွေဘက်ကလည်း လက်ရှိ နေတိုးတပ်ဖွဲ့ဝင်အင်အားကို တပ်မဟာအဆင့်အထိ တိုးချဲ့ဖန်တီးပေးဖို့ တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။
၂၀၁၄မှာ ရုရှားက ခရိုင်းမီးယားကို သိမ်းယူပြီးတဲ့ နောက် မကြာတဲ့ နှစ်တွေမှာပဲ နေတိုးအဖွဲ့ဟာ အရှေ့ဘက်ခြမ်းဒေသတွေကို ပိုပြီး အားကောင်းစေဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
၂၀၁၇မှာလည်း နိုင်ငံပေါင်းစုံ တပ်ဖွဲ့လေးဖွဲ့ကို ပိုလန် အပါအဝင် ဘောလ်တစ်နိုင်ငံသုံးခုဆီ ကိုတပ်ဖြန့်ခဲ့ ပြီးဖြစ်ပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်း ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုစတင်ပြီးတဲ့နောက်မှာတော့ နေတိုးဟာ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့စလိုဗက်ကီးယားတို့မှာ တိုက်ပွဲဝင်တပ်ဖွဲ့ အုပ်စုအသစ်လေးခုကို ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရပါတယ်။
Ref: AFP