ရုရှားက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၃၅ စင်းစလုံ: ညတွင်းချင်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြော

ကိ့ဖ်၊ မေ ၇

ရုရှားနိုင်ငံတစ်ဝှမ်းကနေ မတူညီတဲ့ ပစ်မှတ်တွေကို  ညတွင်းချင်းပစ်လွှတ်ခဲ့တဲ့  အီရန်လုပ် Shahed ဒရုန်း ၃၅ စင်းလုံးကို ဖျက်ဆီးပစ်ခဲ့တယ်လို့  ယူကရိန်းထိပ်တန်းစစ်ဌာနချုပ်က မေ ၈ရက် တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုရှားဘက်ကနေ  ယူကရိန်းရဲ့ ကရာကစ်ဖ်၊ ခါဆန်၊ မိကိုလိုက်ဖ် နဲ့ အိုဒေဆ ဒေသထဲက မြို့တွေကို မနေ့ညက ဒုံးကျည် ၁၆ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က သူ့ရဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် ရုရှားဟာ  ယူကရိန်းတပ်ဖွဲ့ဝင်တွေ ရှိရာနဲ့  လူနေထူထပ်သောနေရာတွေကိုလည်း ပြီးခဲ့တဲ့ ရက်တွေက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှု ၆၁ ကြိမ်နဲ့ အခြားတိုက်ခိုက်မှု ၅၂ ကြိမ် အထိပြုလုပ်ခဲ့တယ်လို့လည်း သူက  ထပ်လောင်းပြောဆို ပါတယ်။

“ကံမကောင်းစွာနဲ့ အရပ်သားတွေသေဆုံးဒဏ်ရာရပြီး အထပ်မြင့် အဆောက်အအုံနဲ့ ပုဂ္ဂလိကနေအိမ်တွေ ပါ ပျက်စီး ခဲ့ရ တယ်” လို့လည်း ပြောပါတယ်။

ရိုက်တာ အနေနဲ့တခြားသတင်းတွေကို  သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ကိ့ဖ်ရဲ့  မြို့တော်ဝန် Klitschko ကတော့ အဆောက်အအုံတွေနဲ့  အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့သလို မြို့တော်မှာ အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုလိုက်တယ် လို့ သိရပါတယ်။

Ref: Reuters

ကာဗာပုံစာ။ မြို့တော် ကိ့ဖ် ကောင်းကင်မှာ ဖျက်ချခံလိုက်ရတဲ့ ရုရှားဒရုန်းတစ်စင်း

Photo Credit: Reuters

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *