
Photo Credit: BBC
ကိ့ဖ်၊ ဇန်နဝါရီ ၃
ယူကရိန်းကို ဆုတ်ယုတ်ပျက်စီးစေဖို့အတွက် ရုရှားက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာမျိုးအစား မောင်းသူမဲ့လေ ယာဉ် တွေနဲ့ နှစ်ရှည်လများ တိုက်ခိုက်ပြီး စစ်ကာလရှည်အောင် လုပ်ဖို့ ကြံရွယ်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က ပြောလိုက်ပါတယ်။
လက်ရှိမှာ မော်စကိုဟာ အီရန်လုပ် ဒရုန်းတွေကို သုံးပြီး တိုက်ခိုက်လာလိမ့်မယ်ဆိုတဲ့ ထောက်လှမ်း ရေးအစီရင်ခံချက်တွေကို လက်ခံရရှိထား တဲ့အကြောင်း ဇလန်းစကီးက ဖော်ထုတ်ပြောဆိုပါတယ်။ ဒါ့အပြင် ဒွန်ဘတ်စ်ဒေသတိုက်ပွဲမှာ ရုရှားစစ်သား ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ လည်း ထည့်ပြောခဲ့ပါတယ်။
သမ္မတ ဇလန်းစကီးရဲ့ ညစဥ် မိန့်ခွန်းတစ်ခုမှာ ရုရှားရဲ့ ကာလရှည်ဒရုန်းတိုက်ခိုက်မှု့ ကြံရွယ်ချက်ကို ဖျက်စီးပစ်ပို့ အစီစဥ် ရှိနေပြီလို့ ဆိုပါတယ်။
“အကြမ်းဖက်သမားတွေရဲ့ ပန်းတိုင်ဟာ တခြားသူတွေလို မအောင်မြင်ဘူးဆိုတာ သက်သေပြရမယ်” “အခုအချိန်ဟာ ဝေဟင်ကာကွယ်ရေးမှာ ပါဝင်နေတဲ့သူတိုင်း သတိပိုပြီးထားရမယ့်အချိန်ပဲ” လို့ ပြောပါတယ်။
ယူကရိန်းအပေါ် ရုရှားမောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေ မကြာသေးတဲ့ရက်တွေမှာ ပိုပိုများလာပြီး မော်စကိုဟာ ယူကရိန်း နိုင်ငံတစ်ဝှမ်းက မြို့တွေနဲ့ ဓာတ်အားပေးစက်ရုံတွေကို ပြီးခဲ့တဲ့ သုံးညတာအတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ ပြောပြချက်အရက ၂၀၂၃နှစ်သစ် ခုနှစ်အစရက်တွေ မှာပဲ အီရန်လုပ်ဒရုန်းအစင်း ၈၀ ကျော်ကို ပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။
ရုရှားက ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လပေါင်းများစွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်သလို ဓါတ်အားပေးစက်ရုံတွေကိုလည်း ဖျက်ဆီးခဲ့တာကြောင့် ယူကရိန်းနိုင်ငံရဲ့ အေးခဲနေ ဆောင်းရာသီကာလမှာ သန်းပေါင်းများစွာ ယူကရိန်းပြည်သူတွေဟာ အမှောင်ထဲမှာ ဒုက္ခအတိရောက်ပြီး သေကြေပျက်စီးခဲ့ကြရတယ်လို့ သိရပါတယ်။
Ref:BBC