ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ အဖွဲ ပြုံယမ်းကို ရောက်နေ

ဆိုးလ်၊ ဇူလိုင် ၂၇

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုင်ဂူးနဲ့  ကိုယ်စားလှယ်အဖွဲ့ ဇူလိုင် ၂၆ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းကို ရောက်နေတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြနေတာ တွေ့ကြရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီ:ခေါင်ဆန်နွန်က ဦးဆောင်ကာ ကော်ဇောနီခင်း ကြိုဆိုခဲ့ပါတယ်။  

ဇူလိုင် ၂၇ ရက် ကြာသပတေးနေ့မှာ ကျင်းပမယ့် ပြုံယမ်းမှာ  အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့တဲ့ ၁၉၅၃ ခုနှစ် ဇူလိုင် ၂၇ ရက် ကိုရီးယားစစ်ပွဲ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပမှာ ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်ခဲ့တဲ့  မြောက်ကိုရီးယားရဲ့ အောင်ပွဲနေ့အဖြစ်လည်း သတ်မှတ်ထားတာဖြစ်ပါတယ်။

အင်္ဂါနေ့ညနေပိုင်းကစလို့  မော်စကိုမြို့က ဆာဂျီ ရှိုင်ဂူးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို  ကြိုဆိုနှုတ်ဆက်ဖို့ဆိုပြီး ပြုံယမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်လျှောက်မှာ “နွေးနွေးထွေးထွေးကြိုဆိုတဲ့အငွေ့အသက်” နဲ့ လွှမ်းခြုံထားပါတယ် ဆိုတဲ့ အကြောင်းကိုလည်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ပြောဆိုပါတယ်။

သူတို့နိုင်ငံ အချုပ်အခြာအာဏာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အကျိုးစီးပွားတွေကို ကာကွယ် ရုန်းကန်နေရတဲ့ ရုရှား စစ်တပ်နဲ့ ရုရှားပြည်သူတွေကို  မြောက်ကိုရီးယားက “အပြည့်အဝ ထောက်ခံမှု” ကို ဖော်ဆောင်တာပါ လို့ဆို ပြီးလည်း  KCNA က ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံဆိုတာက  မြောက်ကိုရီးယား အတွက်တော့ သူတို့နိုင်ငံနဲ့  ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ကမ္ဘာကြီးပေါ်က လက်တစ်ဆုပ်စာနိုင်ငံထဲက  တစ်ခုလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Ref: CNA

Photo Credit: Reuters/KCNA pic

Leave a Reply

Your email address will not be published. Required fields are marked *