ရုရှားကာကွယ်ရေးဝန်ကြီး ရှိုဂူကို ပူတင့် အမိန့်နဲ့ ဖယ်ရှား

မော်စကို၊ မေ ၁၃

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ  ရုရှားရဲ့ ယူကရိန်းထိုးစစ် နှစ်နှစ်ကျော်ကြာချိန်မှာ ရုရှားစစ်ခေါင်းဆောင်ပိုင်းကို လှုပ်ခတ်သွားစေတဲ့ လုပ်ရပ်အနေနဲ့  ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ကွန်ဖက်ဒရေးရှင်းကောင်စီက ထုတ်ပြန်လိုက်တဲ့ ဝန်ကြီးတွေ စာရင်းအရကတော့  ဘောဂဗေဒပညာရှင် အန်ဒရေ ဘီလိုဆော့ဖ်ကို ကာကွယ်ရေးဝန်ကြီး အသစ်အနေနဲ့ ပူတင်ကိုယ်တိုင်က လျာထားထားတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ ထွက်လာတဲ သတင်းတွေအရ ဝဂ္ဂနာ ရှိစဉ်က ရှိုဂူကို ဖယ်ရှားဖို့ ပူတင့်ကို အကြံပေးခဲ့ဖူး တယ်လို့ လည်း သိရပါတယ်။

ယူကရိန်း ပဋိပက္ခကြောင့် ရှိုဂူရဲ့ လက်အောက်က  ရုရှားစစ်သား ၃၅၅၀၀၀ ကျော် အသေအပျောက်ရှိခဲ့သလို အရပ်သား အများအပြား ဒုက္ခရောက်ခဲ့ရတယ်လို့  ယူကေ ကာကွယ်ရေးဝန်ကြီး ဂရန့်ရှိတ်ပ်က ပစ်တင်ပြောဆိုပါတယ်။

“ရုရှားမှာ ဒီဆိုးရွားလှတဲ့ အမွေအနှစ်တွေကို ဖျက်ပစ်မယ့် ကာကွယ်ရေးဝန်ကြီးတစ်ယောက်လိုတယ်” ဆိုပြီး ဆိုရှယ်ပလက်ဖေါင်း တွစ်တာမှာ ပူတင်ကိုယ်တိုင် ရေးခဲ့ဖူးတယ်လို့ လည်း သိရပါတယ်။

Ref: AFP/fs/fh

ပုံစာ။ ကာကွယ်ရေးဝန်ကြီး ဆာဂျိ ရှိုဂူ  ကိုတွေ့ရပုံ

Feature Image Credit:  REUTERS/Turar Kazangapov/File Photo

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *