ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုအီဂူမြောက်ကိုရီးယားကို အလည်အပတ် ရောက်ရှိ

ဇူလိုင်၂၅မှာရုရှားကာကွယ်ရေးဝန် ကြီး ဆာဂေးရှိုအီဂူ မြောက်ကိုရီးယားကို အလည်အပတ်ရောက်ရှိလာတယ်။ ဇူလိုင် ၂၆မှာ တ ရုတ်ကိုယ်စားလှယ် တွေ ထပ်ရောက်လာကြ ဦးမယ်။ ကိုရီး ယားစစ်ပွဲပြီးဆုံးမှုနှစ် (၇၀)ပြည့်အထိမ်း အမှတ်အခမ်းအနားတက်ရောက်ဖို့ လာကြတာလို့ဆိုတယ်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မ တီက လီဟွန်ကျုံးဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့လည်း ဇူလိုင် ၂၆မှာ မြောက် ကိုရီးယားကို သွားရောက်ကြမယ်လို့ တ ရုတ်နိုင်ငံကွန်မြူနစ်ပါတီက သတင်းထုတ် ပြန်တယ်။

မြောက်ကိုရီးယားဟာ နယ်နိမိတ်ချင်း ထိ စပ်နေတဲ့ တရုတ်နဲ့ရုရှားနှစ်နိုင်ငံနဲ့ ၂၀၂၀ပြည့်နှစ်စောစောပိုင်းကတည်းက စီးပွါးရေး သံတမန်အဆက်အသွယ် အ ကုန်ဖြတ်တောက်ထားခဲ့ရာကနေ ရုရှား ကိုအခုပထမဆုံးအကြိမ်ဆက်ဆံရေးလမ်းကြောင်းပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်။

ကိုဗစ်-၁၉ရောဂါထိန်းချုပ်ဖို့ အစားအစာနဲ့ဆေးဝါးတွေတင်သွင်းနေကျ တရုတ်၊ ရုရှားနှစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် ဂိတ်တွေကိုပါပိတ်ပစ်ခဲ့တဲ့ မြောက်ကိုရီး ယားအနေနဲ့ အဲဒီနယ်စပ်ဂိတ်တွေကို ပြန် ဖွင့်တော့မှာလားဆိုတာတော့ မသိရ သေးဘူး။

ကိုရီးယားစစ်ပွဲတုန်းက ဥက္ကဌကြီး မော် စီတုန်းက တရုတ်တပ်ဖွဲ့တွေ စေလွှတ်ပြီး စစ်ကူပေးခဲ့သလိုဆိုဗီယက်ယူနီယံက လည်း မြောက်ကိုရီးယားကို အားပေးကူညီ ခဲ့တဲ့ သမိုင်းနောက်ခံအထင်အရှား ရှိ တယ်။

Ref:BBC

Leave a Reply

Your email address will not be published. Required fields are marked *