ဝါရှင်တန်၊ စက်တင်ဘာ ၂၀
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရာသီဥတု အကျပ်အတည်းနဲ့ ဘေးဆိုးတွေဟာ ငရဲ ပြည်တံခါးကို ဖွင့်လိုက်ပြီ ဆိုပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို စက်တင်ဘာ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တယ်လို့ သိရ ပါတယ်။
ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေရယ် ကမ္ဘာ့အပူချိန်တွေကစံချိန်ဟောင်းတွေကို စံချိန်သစ်တင်ချိုးဖျက်မှုတွေ တိုးလာနေ တာတွေရယ်ကို အားလုံးသိနေပေမယ့်လည်း ကမ္ဘာ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုက ဆက်လက်မြင့်တက်နေပြီး ရုပ် ကြွင်းလောင်စာတွေ လောင်ကျွမ်းမှုကလည်း နှစ်တိုင်း မြင့်တက်နေတက်လို့ ထောက်ပြပါတယ်။
ဒီနေ့ တစ်ကမ္ဘာလုံး မိုးခေါင်၊ရေကြီး၊ငလျှင်လှုပ်၊ မြေပြို စတဲ့ သဘာဝဘေးဆိုးတွေက နေရာအနှံ့အပြားမှာ ပုံစံအမျိုး မျိုးနည်း တိုးလာနေပြီဖြစ်ပါတယ်။ အခုဆို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကြုံခဲ့ရတဲ့ လစ်ဗျားရေကြီး ရေလျှံမှု၊ ရိုမေးနီး ယားငလျှင်စတာတွေက ထိတ်လန့်စရာကောင်းလောက် လူအသေအပျောက်များခဲ့ပါတယ်။
ဂူတာရက်စ်က “Climate Ambition Summit” ကိုလည်း “အဓိပ္ပါယ်မရှိတဲ့” ဖိုရမ်တစ်ခုလို့ ပြောဆို သတ်မှတ် လိုက်ပြီး၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု net-zero အဆင့်ကိုရဖို့ ခိုင်မာတဲ့ အစီအစဥ်တွေ လုပ်ထားတဲ့ ခေါင်း ဆောင်တွေကိုသာ အဲ့ဒိဖိုရမ်ကို ဖိတ်ကြားတော့မှာ ဖြစ်တယ်လို့လည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်ကတော့ ၂၀၅၀မှာ ကာဗွန်ထုတ်လွှတ်မှု အသားတင်-သုည ရဖို့ ပိုလက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို လက်ခံကျင့်သုံး နေတယ်လို့ ပြောဆိုထားပြီး လောင်စာဆီ အပြည့်သုံးတဲ့ကားတွေ ရောင်းချတာကို တားမြစ်တာတွေအပါအဝင် စွမ်းအင် ဆိုင်ရာ ကိစ္စတွေကိုလည်း စနစ်တကျ ကိုင်တွယ်သွားမယ်လို့ ပြောဆိုထားတဲ့ အကြောင်းလည်း သိရပါတယ်။
Rref: : AFP/ec
ပုံစာအညွှန်း။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုတာကို ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေကြပုံ
Feature Image Credit: AFP/Leonardo Munoz