
Photo Credit : Sayed Sheasha/Reuters
ကိုင်ရို၊ နိုဝင်ဘာ ၅
အီဂျစ်နိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမယ့် COP27 လို့ ခေါ်တဲ့ ၂၇ကြိမ်မြောက် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကိုကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ဆန္ဒပြပွဲတွေအပါအဝင် တက်ကြွ လှုပ်ရှား သူတွေကိုပါ ဖြိုခွင်းခဲ့တဲ့ အိမ်ရှင်အီဂျစ်ရဲ့ လုပ်ရပ်တွေအပေါ် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ပြစ်တင် ဝေဖန် မှုတွေရင်ဆိုင် နေရပါတယ်။
ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမှာ အီဂျစ်သမ္မတ အဗ္ဗဒယ် အာဖက် အယ်လ်စီစီ စကားပြောမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဆန္ဒပြဖို့ ကြိုးစားနေတဲ့ တက်ကြွလှုပ်ရှားသူတွေကို အီဂျစ်အာဏာပိုင်တွေက နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းခဲ့ တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက က စွပ်စွဲထားတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၁ရက်မှာ ကိုင်ရိုလမ်းမတွေပေါ် စစ်ဆေးရေးဂိတ်တွေ ချထားပြီး လူတွေကို ရပ်တန့်ခိုင်းကာ လက်ကိုင်ဖုန်းတွေကို စစ်ဆေးဖို့ စီစဉ်ထားတယ်လို့ လည်း လူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။
မကြာသေးတဲ့ရက်တွေကလည်း အီဂျစ်မှာ လူ ၉၃ ဦး ဖမ်းဆီးခံခဲ့ရသေးတဲ့အကြောင်း အန်ဂျီအို တစ်ခုဖြစ်တဲ့ အီဂျစ်အခွင့်အရေးနဲ့လွတ်လပ်မှုကော်မရှင် (ECRF) က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ၂ ရက် က ပြောဆိုခဲ့ပါ တယ်။ အမျိုးသားလုံခြုံရေးတရားစွဲဆိုခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအရ ဖမ်းဆီးခံရတဲ့သူတချို့က မက်ဆင်ဂျာလို၊ အက်စ်အမ်အက်စ်လို့မျိုး ဆိုရှယ်စာတိုပေးပို့တာတွေ အပါအဝင် ဆန္ဒပြဖို့ လှုံ့ဆော်တဲ့ ဗီဒီယိုတွေပေးပို့ခဲ့တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက ဆိုရှယ်မီဒီယာကို အလွဲသုံးစားလုပ်မှု၊ မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေမှု ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့ ပြစ်မှု့ စတဲ့ အကြောင်းအရာတွေက အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ရာ ပုံမှန် အသုံးပြုလေ့ရှိတဲ့ ဖိနှိပ်မှုဆိုင်ရာ စွဲချက်တစ်ခုဖြစ်တဲ့ အကြောင်းလည်း ထောက်ပြဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရာသီဥတု တက်ကြွလှုပ်ရှားသူ အာဂျစ် ရာဂျာဂိုပါး ကတော့COP27 ညီလာခံကို နိုဝင်ဘာ ၆ ရက် ကနေ ၁၈ ရက်အထိ ကျင်းပမယ့် အီဂျစ်ရဲ့ နာမည်ကျော် အပန်းဖြေကမ်းခြေမြို့ ဖြစ်တဲ့ ရှမ်း အယ်လ်ရှိတ် ကို မြို့တော် ကိုင်ရိုကနေ လမ်းလျှောက်ဆန္ဒပြပြီးတဲ့နောက်မှာတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ကကိုင်ရိုမှာ အဖမ်းခံလိုက်ရပါတယ်။ အာဂျစ်တစ်ယောက် သူငယ်ချင်းရှေ့နေ တစ်ယောက်နဲ့အတူကိုင်ရိုမှာအကျဉ်းကျခံနေရကြောင်း သူ့သူငယ်ချင်းဖြစ်တဲ့ ရှေ့နေရဲ့ ဖေ့စ်ဘွတ်မှာရေးတင်ထားတာကို တွေ့ရပြီး ပြီးခဲ့တဲ့တနင်္လာနေ့က လွတ်မြောက်လာပြီးနောက် ရာဂျာဂိုပါး နဲ့ စကားပြောခဲ့ရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက်နဲ့ တွေခဲ့ရာမှာတော့ သူတို့ရဲ့ လမ်းလျှောက်ဆန္ဒပြချီတက်ပွဲကို ပြန်လည်စဖို့ အစီအစဉ်မရှိသေးကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: CNN