ရာဇဝတ်မှုခင်းတွေကို အခမဲ့ရှေ့နေလိုက်ပေးတဲ့အမျိုးသမီးရှေ့နေ မမြဉ္ဇူဝင်း ကို အမေရိကန်က ဆုချ

၅ မတ်၊၂၀၂၄

အမေရိကန်အစိုးရက နှစ်စဥ်ပေးတဲ့ နိုင်ငံတကာသတ္တိရှင်အမျိုးသမီးများ ဆုပေးပွဲမှာ မြန်မာနိုင်ငံမှ အမျိုးသမီးရှေ့နေ မမြဉ္ဇူဝင်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ ကျူးဘား နဲ့အခြားသောနိုင်ငံတွေက အမျိုးသမီးတွေလည်း ဆုချီးမြှင့်ခံခဲ့ရပြီး၊ မတ်လ၄ရက်နေ့ ဝါရှင်တန်ဒီစီမှာ ရှိတဲ့ အိမ်ဖြူတော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မမြဉ္ဇူဝင်းဟာ ရာဇဝတ်မှုခင်းများစွာကို အခမဲ့ရှေ့နေလိုက်ပေးခဲ့သူ ဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်များ၊ မသန်စွမ်းသူများနဲ့လိင်စိတ်ကွဲပြားသူများ အခြေခံရပိုင်ခွင့်တွေအတွက် အခက်အခဲတွေကြားက ဥပဒေအရအကျိုးဆောင် ပေးခဲ့သူဖြစ် တယ် လို့ ဆုချီးမြှင့်ခဲ့တဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *