ရမ်းဗြဲမြို့နယ်မှာ ကျောင်းသားလူငယ် နှစ်ယောက်မိုးကြိုးပစ်ခံရပြီး သေဆုံး

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊လေးတောင်မြို့၊အမှတ်(၁)ရပ်ကွက်၊နဂါးရပ်က နေအိမ် တစ်အိမ်မှာ မေလ ၃၁ရက် နေ့လည်၁၂ နာရီလောက်က ကျောင်းသားလူငယ်နှစ် ယောက်ဟာ မိုးရွာနေချိန် ဖုန်းအားသွင်းရင်း

ဖုန်းဆော့နေရာကနေ လျှပ်စီးဝင် မိုးကြိုး ပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

သေဆုံးသွားသူကလေးနှစ်ယောက်ဟာ ညီအကိုတော်စပ်ပြီး ၈တန်းကျောင်းသားနဲ့ ၁၁တန်းကျောင်းသားတို့ ဖြစ်တယ်လို့ သိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *