ရမ်းဗြဲတွင် အမျိုးသမီးအုန်းပင်ပိ၍ သေဆုံး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း မုန်တိုင်းကာကွယ်ရန် အုန်းပင်ခုတ်သူ အမျိုးသမီးတစ်ဦး အုန်းပင်ပိ သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် ရမ်းဗြဲမြို့ ၊ ခေါင်းဆွဲတောင်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ် မရွှေမာတင် ဖြစ်ကြောင်း၊၂၀၂၃ မေလ ၁၃ ရက် နံနက်ပိုင်းက ခေါင်းဆွဲတောင်ကျေးရွာတွင်မုန်တိုင်းကျရောက်ပါက နေအိမ်ကို မပိမိစေရန်အုန်းပင်ခုတ်ရာမှ အုန်းပင်ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *