ရမည်းသင်းမြို့နယ်မှာ ကျပ်၈ဒသမ၇ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ငါးတဲစုကျေးရွာအနီးမှာ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁ နာရီခွဲက သတင်းအရ ဆိုင်ကယ်တစ်စီးနဲ့ကားတစ်စီးပေါ်ကနေ ကာလပေါက်စျေး ကျပ်၈ဒသမ၇ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁ နာရီခွဲကမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ငါးတဲစုကျေးရွာအနီး၊ တောလမ်းတွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး(ခ)အောင်သူဖြိုး မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်နှင့် အောင်ကျော်စွာ(ခ) ကျော်စွာ မောင်းနှင်လာတဲ့ TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ SURF မော်တော်ယာဉ်ပေါ်ကနေ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကိုရှမ်းပြည်နယ်ကနေ မန္တလေးတိုင်းဒေသကြီးကို သယ်ဆောင်လာခဲ့တာလို့ သိရပါတယ်။

အိုက်စ်(မက်သ်အဖက်တမင်း)များနဲ့အတူ ဖမ်းမိခဲ့သူနှသ်ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *