ရန်ကုန်၊နိုဝင်ဘာ၊၃
ရပ်ထားသော တွဲကားအား ဝင်တိုက်မိရာကတဆင့် တိုက်မိတဲ့ကားရဲ့ယာဉ်မောင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်တခု သာကေတမြို့နယ်အတွင်း သည်ကနေ့ည၈နာရီအချိန်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရပ်နားထားတဲ့တွဲကားမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၊ရတနာလမ်းမကြီး ၊လယ်ယာ(၃)လမ်းထိပ်မှာရပ်ထားခြင်းဖြစ်တယ်လို့ သွားရောက်ကူညီခဲ့သူအချို့က ပြောပါတယ်။

” အရှိန်နဲ့တိုက်မိတာလားမသိဘူးဝင်တိုက်တဲ့ကားရှေ့ကြေမွနေတယ် ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ကြရတာမြင်ခဲ့ရတယ် အနီးနားကလူတွေကူညီကြလို့တော်သေးတယ် “လို့မျက်မြင်တဦးက ပြောပါတယ်။
ဝင်တိုက်တဲ့ကားရဲ့ယာဥ်မောင်းဟာ အသက်(၄၀)နှစ်ဝန်းကျင်ခန့် ယာဉ်မောင်းအမျိုးသားတဦးဖြစ်ပြီး(ဦးခေါင်းနဲ့လက်မောင်းထိခိုက်ဒါဏ်ရာရ)သူကိုရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ကူညီပေးခဲ့သူတွေဆီက သ်ိရပါတယ်။
Visited 1 times, 1 visit(s) today