ရပ်စောက်-နောင်ချိုသွားကားလမ်းမှာ Dongfeng Truck တစ်စီးပေါ်က ကျပ် ၄.၇၅ဘီလီယံ တန်ဖိုးရှိတဲ့ ဘိန်းဖြူ၊ဘိန်း ဆီခဲနဲ့ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

မေ(၂၉)၊၂၀၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်၊ရပ်စောက်-နောင်ချိုသွားကားလမ်း၊ မကျည်းရေကျေး ရွာအနီးမှာ မေလ၁၉ ရက်ည၁၀နာရီခန့်က ရပ်စောက်ဘက်မှ နောင်ချိုကို မောင်းနှင်လာတဲ့ DongfengTruckယာဥ်တစ်စီးပေါ်က ကျပ် ၄.၇၅ဘီလီယံ တန် ဖိုးရှိတဲ့ ဘိန်းဖြူ၊ဘိန်းဆီခဲနဲ့ စိတ်ကြွရူးသွပ်ဆေး ပြားများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်အတွင်း Dongfeng Truckယာဥ်မောင်းစိုင်းဖောင်း၊ယာဥ်နောက်လိုက်မင်းပိုင်ထူးတို့နဲ့အတူ ယာဉ်ပေါ်မှာ ဖွဲအိတ်များနဲ့ ဖုံးအုပ်သယ် ဆောင်လာတဲ့ ဒေသကာလ တန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်း ဆီးရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာတဲ့ယာဉ်နဲ့ရှေ့ နောက်လိုက်ပါပြီး မူးယစ်ဆေးဝါးများသယ်ဆောင်ရာမှာ ပူး ပေါင်းပါဝင်တဲ့ မျိုးမင်းထွန်းနဲ့ကျော်သက်ဦး တို့ကို NISSAN AD VAN မော်တော် ယာဉ်နှင့်လည်းကောင်း၊ အေးကျော်(ခ) ကျော်နိုင် နှင့် ဟိန်းထက်အောင်တို့ကို TOYOTA PROBOX မော် တော်ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့တာကို သိရပါတယ်။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ မန္တလေး တိုင်းဒေသကြီးကို တာဝန်ခံသယ်ဆောင်သူ ကိုပြည့်(ခ)ပြည့် ဖြိုးသူ(ခ)မင်းမြတ်နိုင်နဲ့မထွယ်ဆန်အိန်တို့ကို မေလ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန် မ ဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၈ စီလမ်း၊ ၅၄ x ၅၅ လမ်းကြားမှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

မူးယစ်ဆေးဝါးများ သယ်ဆောင်ဖြန့်ချိ ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူအားလုံးကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ် ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *