ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့အဝင်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မေလ၂၂ရက်မနက်၁၁နာရီခွဲက ကားနှစ်စီးသယ်ဆောင်လာတဲ့ ငွေကျပ်၁ဘီလီယံကျော် ဘိန်းဖြူဘလောက်တုံးတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကတော့ မေလ၂၂ရက်မနက်၁၁နာရီခွဲကရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့အဝင်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ရှာဖွေစစ်းဆေးရေးဆောင်ရွက်နေချိန် အင်တောမှ ရပ်စောက်ဘက်ကို ရီဝေမောင်မောင်းနှင်ပြီး စံတင် လိုက်ပါလာတဲ့ PRADOယာဉ်နဲ့ ရှေ့နောက်လိုက်ပါလာတဲ့ တင်လှိုင် မောင်းနှင်တဲ့ TOYOTA HILUX မော်တော်ယာဉ်တို့ကို ရှာဖွေရာမှာ ယာဉ် ၂ စီးပေါ်ကနေ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၉၅ တုံး၊ အလေးချိန် ၆၈ ဒသမ ၂၅ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ကနေ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ကို သယ်ဆောင်လာတာလို့ သိရပါတယ်။
ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။