ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၈/၁အနားမှာ နိုဝင်ဘာလ၁၉ရက် မနက်၉နာရီ၂၀မိ နစ်က Light Truckအမျိုးအစား(အဖြူရောင်)ယာဥ်ကို လားရာတူ မောင်းနှင်လာတဲ့ Toyota Hilux အမျိုးအစား(အနက်ရောင်)ယာဉ်က အနောက်လေ ဝင်တိုက်မိခဲ့တဲ့ ယာဥ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီက သိရပါတယ်။


ယာဥ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး(၃)ဦးနဲ့ Toyota Hilux ယာဉ်က ထိခိုက်ဒဏ်ရာရှိသူ အမျိုးသား(၁)ဦးတို့ကို စကားအင်းအမြန်လမ်းရဲစခန်းမှ လူနာတင်ယာဉ်နဲ့ တံတားဦးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 1 times, 1 visit(s) today