ရန်-မန်း အမြန်လမ်းယာဉ်တိမ်းမှောက် မှုဖြစ်စဉ်မှာ အမျိုးသမီး၁ဦးသေဆုံးခဲ့ပြီး အမျိုးသား၅ဦးနဲ့အမျိုးသမီး၅ဦးထိခိုက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ စက် တင်ဘာ လ၈ရက် မွန်းလွဲ၁နာရီ၄၀မိနစ် က ရန်ကုန်ကနေနေပြည်တော်ကို ထွက်ခွာ လာတဲ့ ရွှေမန်းသူခရီးသည်တင်Express ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ အမျိုး သမီး၁ဦးသေဆုံးခဲ့ပြီး အမျိုးသား၅ဦးနဲ့ အ မျိုးသမီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးသူတွေဆီ က သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို အ မြန်လမ်းမကြီးရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ ဝင်များနဲ့လူမှုရေးအသင်းအဖွဲ့များ ပူး ပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့ကြပြီး သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူများကို လူမှုကူ ညီရေးအသင်းများက မော်တော်ယာဉ် များနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *