ရန်-မန်း အမြန်လမ်းမှာ ၆ဘီးကုန်တင်ယာဥ်က ခရီးသည်တင်ယာဥ်ကို နောက်ကနေ ဝင်တိုက်မိမှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၉၇/ ၁-၂) ဖာလုံကြားမှာ ဒီဇင်ဘာလ၁၀ရက်မနက်၂နာရီ၄၀ မိနစ်က ၆ ဘီးကုန်တင်ယာဥ်က ခရီးသည်တင်ယာဥ်ကို နောက်ကနေ ဝင်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မကြီးမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်စဥ်မှာ Yutong အမျိုးစား(အနီရောင်) Express ခရီးသည်တင်ယာဉ်ဟာ ရှေ့ယာဘက်ဘီး ဒရမ်ပြတ်ပြီး လမ်းရဲ့ယာဘက် ယာဉ်ကြောပေါ်မှာ ရပ် တန့်ထားချိန် လားရာတူနောက်ကနေ မောင်းနှင်လာတဲ့ Nissan Cindor အမျိုးစား(ဖြူ/စိမ်းရောင်)(၆)ဘီးယာဉ်က နောက်ကနေ ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် Expressယာဉ်ပေါ်က အမျိုးသား (၃) ဦးအနက် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရရှိပြီး Nissan Cindor ယာဥ်ပေါ်က ယာဉ်မောင်းပါ အမျိုး သား(၂)ဦးအ နက် (၁)ဦးဟာ အခင်ဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပြီးကျန်(၁)ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့တာကြောင့် တပ်ဖွဲ့ပိုင်ယာဉ်နဲ့ မြို့ချောင်းတိုက်နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူ ညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *