ရန်လိုခဲ့တဲ့ နိုင်ငံခြားသားအပေါ်  ဒွန်မောင်းရဲတပ်ဖွဲ့ရဲ့ ဆက်ဆံမှုက ပျော့လွန်းတယ်လို ပြစ်တင်ရှုတ်ချနေကြ

ရဲတွေကို ရန်ပြုဖို့ ကြိုးစားနေတဲ့ တရုတ်ခရီးသွား
Photo Credit:The Nation

ဒွန်မောင်း၊ ဩဂုတ် ၁၁

ဩဂုတ်လ ၉ရက် ဗုဒ္ဓဟူးနေ့ညက ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်စေခဲ့တဲ့ တရုတ်ခရီးသွား တစ် ယောက်ကို  ဖြိုခွင်းရာမှာ သင့်တော်တဲ့ နည်းလမ်းတွေ မသုံးခဲ့ဘဲ အရမ်းကို သက်ညှာလွန်း တဲ့ အပြုအမူနဲ့ ဖြေရှင်း ပုံတွေကြောင့်  ဒွန်မောင်းလေဆိပ်ရဲအရာရှိတွေကို   ဝိုင်းပြီး ပြစ်တင် ဝေဖန် နေကြတယ် လို့ သိရပါတယ်။

အဆိုပါအဖြစ်အပျက် ကို ရိုက်ကူးထားတဲ့  ဗီဒီယိုဖိုင်ကို ကြာသပတေးနေ့က  “Yak Dung Diew Jad Hai” ဆိုသူရဲ့ ဖေ့စ် ဘွတ်ခ်စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပြီး   အဆိုပါဗီဒီယိုထဲမှာ  တရုတ်အမျိုးသားတစ်ယောက်ဟာ တရုတ် နိုင်ငံကို သွားမယ့် လေယာဉ်နဲ့ လိုက်ပါဖို့ လေဆိပ်တာဝန်ရှိသူတွေက ခွင့်မပြုခဲ့တဲ့နောက် ဒွန်မောင်း နိုင်ငံတကာ လေဆိပ်က အရာ ရှိတွေ ကို အော်ဟစ်ရန်တွေ့ နေပုံတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၉ ရက်  ဗုဒ္ဓဟူးနေ့ ညသန်းခေါင်လောက်မှာ  လေကြောင်းလိုင်းဟာ  လေယာဉ်ခရီးစဉ်အတွက် ဂိတ်ပြောင်း လိုက်ကြောင်း ကြေညာလိုက်တဲ့နောက်  ခရီးသည်တွေဒေါသထွက်ခဲ့တယ်လို့ လည်း အဆိုပါ ပိုစ်မှာ ရေးထားပါတယ်။ နောက် ပိုင်းမှာလည်း ရန်လိုတဲ့ အမျိုးသားကို  လေယာဉ်မှူးက  လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ခဲ့တာမို့  သူ့ကို ပိုလို့တောင် ဒေါသထွက်စေပြီး  လေဆိပ်တာဝန်ရှိသူတွေကို အော်ဟစ်ပြောဆိုခဲ့တာ ဖြစ်တယ်လို့လည်း ရေးထားတယ်လို့ သိရပါတယ်။

လိုင်းပေါ်တင်ထားတဲ့ ဗီဒီယိုမှာ  ရဲအရာရှိ သုံးဦးက သူ့ကို အခင်းဖြစ်ပွားတဲ့ နေရာကနေ ဖယ်ဖို့ ပြောဆိုပြီး ကပ်လာချိန်မှာ တရုတ်အမျိုးသားက သူ့လက်ထဲက  စကိတ်ဘုတ်နဲ့ ရဲတွေကို  ရိုက်ဖို့ အကြိမ်အကြိမ် ကြိုးစားခဲ့တာကို  ဗီဒီယိုမှာ တွေ့ရ တယ် လို့ ဆိုပါတယ်။  အဲ့ဒိ  ထိပ်တိုက်ရင်ဆိုင်ခဲရတဲ့ ပြသနာ အပြီးမှာ အပျက်အစီး၊အထိအချုက်တော့ မရှိခဲ့ဘူးလို့ သိရပါ တယ်။

အဆိုပါ ခရီးသွားဟာ  အသက် ၄၅ နှစ်ရှိ တရုတ်အမျိုးသားတစ်ဦးဖြစ်ပြီး လေကြောင်းလိုင်းနှင့် ညှိနှိုင်းပြီးတဲ့နောက် သူ့ အတွက်  တရုတ်နိုင်ငံသွားဖို့ လက်မှတ်ထုတ်ပေးပြီး ကြာသပတေးနေ့မှာ နိုင်ငံထဲက ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Ref: The Nation

Leave a Reply

Your email address will not be published. Required fields are marked *