ရန်မန်းအမြန်လမ်း ယာဉ်တိမ်းမှောက်လို့ သေဆုံးသူ ၃ယောက် ထဲမှာ လက်ဝှေ့ချန်ပီ ယံဟောင်းရွှေဓူဝံပါဝင်

  • အခင်းဖြစ် ယာဉ်တိမ်းမှောက်မှုမှာ လက်ဝှေ့ ချန်ပီယံဟောင်း ရွှေဓူဝံသေဆုံးတာ အတည်ပြုခဲ့
ကွယ်လွန်သူ ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ (ယာဘက်)

ရန်ကုန်၊ မတ် ၄

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ်(၁၆၇/၄)မှာ မတ်လ၄ရက်နေ့ နံနက်၅နာရီခွဲက ယာဉ်တိမ်းမှောက်လို့ သေဆုံးခဲ့သူ၃ယောက်ထဲမှာ မြန်မာ့လက် ဝှေ့ ချန်ပီယံဟောင်းရွှေဓူဝံ ပါဝင်ခဲ့ တယ်လို့ လက်ဝှေ့အသိုင်းအဝိုင်း ကနေ သိရပါတယ်။

လက်ဝှေ့ချန်ပီယံဟောင်းရွှေဓူဝံဟာယာဉ်တိမ်းမှောက်မှုမှာ သေဆုံးတာခဲ့တာ မှန် ကန်တယ်လို့ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ စီစဉ် သူကိုဒဿက အတည်ပြုပြောကြားခဲ့ပါတယ်။

အဲဒီယာဉ်တိမ်းမှောက်မှုမှာ ယာဉ်ပေါ် မှာ လိုက်ပါလာသူ အမျိုးသား(၂၀) ယောက် နဲ့အမျိုးသမီး (၁၁)ယောက် စုစုပေါင်း (၃၁) ယောက်အနက် အမျိုးသား(၃)ယောက်ဟာ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့ပြီး အမျိုးသား(၁၅)ယောက်နဲ့အမျိုးသမီး(၁၀) ယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *