ရန်မန်းအမြန်လမ်း မိတ္ထီလာ ၂၈၅မိုင်အနီးမှာ Prdaoကားတစ်စီး တံတားဘောင်ကို တိုက်မိမှုဖြစ်ပွား

ဖေဖော်ဝါရီ၊၂၆

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိတ္ထီလာလမ်းခွဲ မိုင်တိုင်၂၈၅မိုအနီး မိုင်တိုင်အမှတ် (၂၇၆/၂)နဲ့ (၂၇၆/၃) ကြားမှာ ဖေဖော်ဝါရီလ၂၆ရက်ညနေပိုင်းအချိန်က PRADO အမျိုးအစား(နက်ပြာရောင်)ကား(၁)စီးဟာညတံ တားဘောင်ကို တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦး အနက် တစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့တာ

ကြောင့် အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ မိတ္ထီလာဆေးရုံသို့ ကူညီပို့ ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

ယာဥ်မတော်တဆမှုဖြစ်ပွားရာနေရာကို ပေပင်လေးအမြန်လမ်းမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့တယ်လို့ သိရပါတယ်။

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *