ရန်မန်းအမြန်လမ်းမှာ Mark Xကားတစ်စီးက လမ်းဘေးလမ်းလှျှောက်နေတဲ့အမျိုးသားကို တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ် (၁၇၀/ဝ)အနီးမှာ စက်တင်ဘာလ၁၈ရက်ညနေ၄နာရီခွဲက ရန်ကုန်ကနေ နေပြည်တော်ကိုမောင်းနှင်လာတဲ့ Toyota Mark Xကားတစ်စီးက လမ်းဘေးလမ်းလျှောက်နေတဲ့ အမျိုး သားတစ်ဦးကို တိုက်မိပြီး ယာဉ်တိမ်းမှောက်ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို သာဂရအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနဲ့သာဂရအမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကကူ ညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီးက သေဆုံးသွားတဲ့အမျိုးသားရုပ်အလောင်းကို ဆွာနာရေးကူညီမှုအသင်းယာဉ်နဲ့ ဆွာမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *