ရန်မန်းအမြန်လမ်းမှာ Expressကားတစ်စီးပေါ်က ခရီး သည်အမျိုးသားနှစ်ဦး တံတားပေါ်ကနေ ပြုတ်ကျမှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ်(၂၂၉/၆) အ ကျော်မှာ ဇန်နဝါရီလ၁၁ရက် ည၇နာရီ၅၅မိနစ်က ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ ခရီးသည်တင် Express ကားတစ်စီးပေါ်ကနေ ဆင်းပြီး အပေါ့သွားတဲ့ ခရီးသည်အ မျိုးသားနှစ်ဦးဟာ အပေါ့သွားတဲ့နားက တံတားပေါ်ကနေ ပြုတ်ကျတဲ့ မတော်တဆဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတော်တဆမှုဖြစ်ပွားရာကို အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ပေ၂၀အမြင့်ရှိတဲ့တံတားပေါ်ကနေ အောက်ကို မှောက်လျက် ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့သူများကို ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်နဲ့ နေပြည် တော်ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *