ရန်မန်းအမြန်လမ်းမှာ ၆ဘီးကုန်တင်ယာဥ်နှစ်စီးတိုက်မိမှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၀၂/၆) နဲ့ (၂၀၂/၇)ကြားမှာ ဇန်နဝါရီလ၉ရက် မနက် ၁၂ နာရီ၅၅ မိ နစ်က ၆ဘီးကုန်တင်ယာဥ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၉ရက် မနက်၁၂နာရီ၅၅မိနစ်က မန္တလေးဘက်က နေပြည်တော်ဘက်ကို ပုဆိုးအဝတ်ထည်များတင်‌ဆောင်လာတဲ့ Nissan Condorအမျိုးစား(အဖြူရောင်)၆ဘီးကုန်တင်ယာဉ်ကိုပန်းဂေါ်ဖီထုပ်များတင်ဆောင်လာတဲ့ Isuzu Forwoardအမျိုးအစား (ဖြူ/ပြာရောင်)၆ဘီးကုန်တင်ယာဥ်ရဲ့ယာဉ်မောင်းအိပ် ငိုက်ပြီး နောက်ကနေ ဝင်တိုက်မိခဲ့တာကြောင့် ရှေ့ Nissan Condorယာဉ်မှတစ်ပတ်လည်တိမ်းမှောက်ကာ လမ်းမြေသာလမ်းပေါ်လဲကျပြီး Isuzu Forwoard ယာဉ်မှာ လမ်းဘေးက ကုက္ကိုပင်ကို ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် Nissan Condorယာဉ်က ယာဉ် မောင်းပါ အမျိုးသား(၂)ဦးမှာထိခိုက်မှုမရှိခဲ့ပေမယ့် Isuzu Forwoardယာဉ်က ယာဉ်မောင်းပါ အမျိုး သား(၂)ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့တာကြောင့် ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်နဲ့နေပြည် တော်ကုတင်(၁၀၀၀)ပြည်သူ့သူဆေးရုံကြီးကို ပိုဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *